Trending Now

ကမ္ဘာပေါ်မှာ ကားအရောင်းရဆုံး ကုမ္ပဏီအဖြစ် တိုယိုတာ ဆက်လက်ရှိ

Spread the love

ကမ္ဘာပေါ်မှာ ကားအရောင်းရဆုံး ကုမ္ပဏီအဖြစ် တိုယိုတာ ဆက်လက်ရှိ

EPN
နိုင်ငံကတာ၊ ဇန်နဝါရီ ၃၁

ဂျပန်က Toyota Motors ဟာ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ မော်တော်ကားအရောင်းရဆုံးကုမ္ပဏီအဖြစ် ဆက်လက်ရှိခဲ့ပြီး သုံးနှစ်ဆက်တိုက် အရောင်းရဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။

တိုယိုတာက Daihatsu နဲ့ Hino အပါအဝင် သူ့ရဲ့လုပ်ငန်းအုပ်စုဟာ မနှစ်က မော်တော်ကားအစင်းရေ ၁၀.၅ သန်းနီးပါး ရောင်းရတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ်ကထက် ဆယ်ပုံတစ်ပုံ လျော့ကျခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ သက်ရောက်မှုတွေနဲ့ ဆီမီးကွန်ဒက်တာမလုံလောက်မှု ကမ္ဘာနဲ့အဝန်း ဖြစ်ပွားခဲ့တာကြောင့် ထုတ်လုပ်မှုကျဆင်းခဲ့တာကို နည်းပါးအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျာမနီက Volkswagen Group က မော်တော်ကားအစင်းရေ ၈ သန်းသာသာ ရောင်းရပြီး ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။ တောင်ကိုရီးယားက Hyundai Motor Group က တတိယလိုက်ပါတယ်။

အဲဒီနောက်မှာတော့ Nissan Motor, Renault နဲ့ Mitsubishi Motors မိတ်ဖက်အုပ်စုက အစင်းရေ ၆.၁ သန်းရှိပါတယ်။ အဲဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Source: nhk

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။