Trending Now

ယူကရိန်းလေယာဉ်ပစ်ချခံရမှု အီရန်ဘာသာရေးခေါင်းဆောင်ခါမေနီနှုတ်ထွက်ရန် ဆန္ဒပြတောင်းဆို

Spread the love

ယူကရိန်းလေယာဉ်ပစ်ချခံရမှု အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီနှုတ်ထွက်ရန် ဆန္ဒပြတောင်းဆို

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂

ယူကရိန်းခရီးသည်တင်လေယာဉ်တစ်စင်းကို အီရန်စစ်ဘက်က ပစ်ချခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများကို အမျက်ဒေါသထွက်နေကြသောပြည်သူများသည် အီရန်ရှိ မြို့တော်တီဟီရန်၏ လမ်းများပေါ်တွင် ဆန္ဒပြမှုများအကြီးအကျယ်လုပ်ဆောင်နေသည်။

ဆန္ဒပြသူများသည် တက္ကသိုလ်နှစ်ခုထက်မနည်းတွင် နေရာယူဆန္ဒပြနေကြပြီး ၎င်းတို့ကို လူစုခွဲရန် ရဲတပ်ဖွဲ့  မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းများကဖော်ပြသည်။ အဆိုပါဆန္ဒပြပွဲများကို ထောက်ခံကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဆန္ဒပြသူများသည် လေယာဉ်ပစ်ချခြင်းအတွက် တာဝန်ယူရန်တောင်းဆိုနေကြပြီး ဖြစ်စဉ်ကိုဖုံးကွယ်ခဲ့သူများ အား တရားစွဲသွားမည်ဖြစ်ကြောင်းပြောဆိုသည်။ ထို့ပြင် အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီနှုတ်ထွက်ရေးစသည့် ဆောင်ပုဒ်များကိုလည်း ကိုင်စွဲတောင်းဆိုနေကြသည်။

ခရီးသည် ၁၇၆ ဦးသေဆုံးခဲ့ရသည် လေယာဉ်ပျက်ကျမှုပြီးနောက် သုံးရက်အကြာတွင် ယင်းလေယာဉ်ကို မတော်တဆမှားယွင်းပစ်ချမိကြောင်း အီရန်ဘက်က စနေနေ့တွင် ဝန်ခံထားသည်။

အီရန်နိုင်ငံမှာ ယူကရိန်းနိုင်ငံ ကိယက်ဗ်သို့ ပျံသန်းမည့် အဆိုပါလေယာဉ်သည် တီဟီရန်လေဆိပ်မှ ပျံတက်ပြီးများမကြာမီတွင် ပစ်ချခံခဲ့ရပြီး ယင်းဖြစ်စဉ်မှာ အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းနှစ်ခုကို အီရန်ကဒုံးပျံများဖြင့် တိုက်ခိုက်ပြီး နာရီအနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျမှုကြောင့် ယူကရိန်း၊ ဗြိတိန်၊ အာဖဂန်နစ္စတန်နှင့် ဂျာမနီနိုင်ငံသားများအပါအဝင် အီရန်နှင့် ကနေဒါနိုင်ငံသား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။

Ref : Iran plane crash: Protesters condemn ‘lies’ on downed jet


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။