Trending Now

အိမ်နီးချင်း ယူကရိန်းမှာ စစ်ပွဲတွေ ပြင်းထန်နေချိန် ပိုလန်က စစ်ရေးပြ ချီတက်ပွဲကြီးကို ကျင်းပနေ

Spread the love

အိမ်နီးချင်း ယူကရိန်းမှာ စစ်ပွဲတွေ ပြင်းထန်နေချိန် ပိုလန်က စစ်ရေးပြ ချီတက်ပွဲကြီးကို ကျင်းပနေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၆

နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံဟာ ၁၉၂၀ ခုနှစ်မှာ ဆိုဗီယက်တပ်တွေကို အောင်ပွဲခံတဲ့ အထိမ်းအမှတ်အဖြစ် စစ်အေးခတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးပြချီတက်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံရဲ့ ခတ်အမီဆုံး လက်နက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ချီတက်ပွဲဟာ ၁၉၂၀ ခုနှစ်က ဆိုဗီယက်ယူနီယံတပ်မတော်ကို ဝါဆောတိုက်ပွဲအတွင်း ပိုလန်နိုင်ငံက အောင်ပွဲရခဲ့တဲ့ ၁၀၃ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ချီတက်ပွဲအတွင်း အမေရိကန်လုပ် Abrams တင့်ကားတွေ၊ HIMARS အမြောက်စနစ်တွေနဲ့ Patriot ဒုံးကျည်စနစ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ အရှေ့ဘက်နယ်စပ်၊ ဥရောပသမဂ္ဂရဲ့ နယ်နိမိတ်နဲ့ နေတိုးရဲ့ နယ်နိမိတ် ကာကွယ်ရေးဟာ ဒီနေ့ ပိုလန်နိုင်ငံရဲ့ နိုင်ငံတော် အကျိုးစီးပွားအတွက် အဓိကကျတဲ့ အချက်ဖြစ်ပါတယ်” လို့ ပိုလန်သမ္မတ အန်ဇီဒူတ က အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

F-16 တိုက်လေယာဉ်တွေ၊ တောင်ကိုရီးယားလုပ် FA-50 တိုက်လေယာဉ်တွေအပြင် K9 ဟောင်ဝစ်ဇာတွေကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး အမေရိကန်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို ဝယ်ယူနေတဲ့ အရိပ်အယောင်အဖြစ် F-35 တစ်စီးကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ပိုလန်နဲ့ အခြား နေတိုးနိုင်ငံတွေက တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ဟာ စစ်ရေးပြအခမ်းအနားမှာ စစ်ယာဉ် ၂၀၀ နဲ့ လေယာဉ် ၁၀၀ နီးပါး ပါဝင်ခဲ့ပြီး Krab ခြေရာခံသေနတ်ဟောင်ဝစ်ဇာ နဲ့ Rosomak သံချပ်ကာသယ်ယူပို့ဆောင်ရေးကိရိယာတွေ အပါအဝင် ပိုလန်လုပ် စစ်ပစ္စည်းတွေကိုလည်း ပြသခဲ့ပါတယ်။

လက်ရှိပိုလန်စစ်တပ်မှာ တပ်ဖွဲ့ဝင် ၁၇၅,၀၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့ ရှစ်နှစ်အတွင်း တပ်ဖွဲ့ဝင် ၁ သိန်းထက် တိုးလာခဲ့တယ်လို့ ပိုလန်သမ္မတ အန်ဇီဒူတက ပြောကြားခဲ့ပါတယ်။

ပိုလန်ဟာ အခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် စံချိန်တင် ဒေါ်လာ ၃၄ လီလီယံ သတ်မှတ်ထားပြီး “ဒီကြီးမားတဲ့ ခေတ်မီတိုးတက်ရေးရဲ့ ပန်းတိုင်က ပိုလန်စစ်တပ်ကို တပ်ဆင်ဖို့ဖြစ်ပြီး၊ ပိုလန်စစ်သားတွေကို ဘယ်သူကမှ မတိုက်ခိုက်ဝံ့တဲ့ ကာကွယ်ရေးစနစ်ကို ဖန်တီးဖို့ပါပဲ” လို့ အန်ဇီဒူတ ပြောပါတယ်။

စစ်ပစ္စည်းတွေ ဝယ်ယူဖို့ ချေးငွေအမြောက်အမြားထုတ်ယူနေတယ်လို့ ဝေဖန်ခံနေရတာကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတက “ကျွန်တော်တို့ ဘာမှမလုပ်ဘဲနေလို့မရပါဘူး။ အဲဒါကြောင့် ကျနော်တို့က ဒီမှာရော အခုရော ကျနော်တို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အားကောင်းအောင် လုပ်နေတာပါ” လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ချိန်ကစတင်ပြီး ပိုလန်အစိုးရဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အားကောင်းလာစေဖို့ အာရုံစိုက်ခဲ့ပြီး တင့်ကားတွေ၊ ဒုံးကျည်ကြာဖြတ်စနစ်တွေနဲ့ တိုက်လေယာဉ်အများအပြားကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကနေ ဝယ်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော် အသုံးပြုခဲ့ပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။