Trending Now

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် အလွန် အမင်းစိုးရိမ်ပူပန်နေ

Spread the love

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် အလွန် အမင်းစိုးရိမ်ပူပန်နေ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်အာဏာသိမ်းအသိမ်းခံရပြီးကတည်းက ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်မိတယ်လို မြန်မာနိုင် ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုးလီးန်ဟေဇာက ပြောကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံခွင့်မရရင် ၎င်းအနေနဲ့ နောက်ထပ်တစ်ကြိမ် မြန်မာနိုင်ငံကို သွားရောက်မှာ မဟုတ်ဘူးလို ပြောကြားလိုက်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမသမာမှုနဲ့ပြစ်မှုထင်ရှားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က စစ်ဆေးတွေ့ ရှိခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်လိုက်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့က စင်္ကာပူနိုင်ငံ ISEAS Yusof Ishak အင်စတီကျူသုတေသနဌာနမှာ မိန့်ခွန်းပြောကြားစဉ် ဟေဇာက ထည့်သွင်းပြောကြား သွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တခြားပြစ်မှုတွေ ကျူးလွန်ခဲ့ကြောင်းထင်ရှားတာကြောင့် လျှိဝှက်စစ်တရားရုံးက နေ ၎င်းကို စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့တယ်လို သိရပါတယ်။

“ကျွန်မ သူ့ရဲ့ကျန်းမာရေးကို အလွန်ပဲစိုးရိမ်ပါတယ်။ အခုလို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့တာကို လည်း ပြစ်တင်ရှုတ်ချပါတယ်။” ဟေဇာက ပြောပါတယ်။

ဟေဇာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး စိုး ရိမ်ပူပန်မိကြောင်းကို သြဂုတ်လအတွင်း မြန်မာစစ်ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ တွေ့ဆုံစဉ်ကလည်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖိုနဲ့ အသက် ၇၆ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ကို ပြန်လွှတ်ပေးဖိုလည်း ဟေဇာက မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့ပါတယ်။

“နောက်ဆုံးမှာ တွေ့ဆုံပွဲတစ်ခုခုတော့ ဖြစ်လာပါလိမ့်မယ်လို ကျွန်မကိုပြောပါတယ်။” လို ဟေဇာက ပြောပါ တယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရွေးကောက်ပွဲတွေပြီးကတည်းက ပထမဦးဆုံးအကြိမ် လွှတ်တော်ညီလာခံကျင်းပ ခါနီးလေးမှာ လွန်ခဲ့တဲ့ ၁၈ လက စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေဖြစ်ပေါ်လာပြီး စစ်တပ်က အဲဒီဆန္ဒပြပွဲ တွေကို အင်အားသုံး နှိမ်နှင်းခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး လပေါင်းများစွာကြာတဲ့အထိ အခြေအနေတွေက တဖြည်းဖြည်းပိုမိုဆိုးရွားလာပါတယ်။ ဆန္ဒ ပြသူတချိုက စစ်တပ်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ကြပြီး စစ်တပ်ကိုပုန်ကန်တဲ့သူတွေကို လိုက်လံရှင်းလင်း ရင်း စစ်တပ်ကလည်း ကျေးရွာတွေကို မီးရှိခဲ့တယ်လိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး အရပ်သား ၂၂၆၃ ဦး သေဆုံးခဲ့တယ်လို မြန်မာနိုင်ငံတွင်းက အခြေအနေ တွေကို စောင့်ကြည့်နေတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ခဲ့ပါ တယ်။
ဇူလိုင်လအတွင်းမှာ အကျဉ်းသားလေးဦးကို ကြိုးမိန့်ချမှတ်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံး အံ့သြတုန်လှုပ်ခဲ့ ကြရပါတယ်။

ဟေဇာဟာ နေပြည်တော်ကိုရောက်ရှိစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ တိုက်ရိုက်ပြောဆိုဆွေးနွေးခဲ့ ပါတယ်။ အဲဒီလိုဆွေးနွေးစဉ်မှာ ၎င်းအနေနဲ့ ဗိုလ်ချုပ်မှူးကြီးထံ အချက် ၆ ချက်ကိုတောင်းဆိုခဲ့ပါတယ်။ အဲဒီ ၆ ချက်ကတော့ သေဒဏ်စီရင်မှုတွေကိုရပ်ဆိုင်းပေးဖို၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ကလေးသူငယ်အားလုံးကို ပြန်လွှတ်ပေးဖို၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို အပိတ်အဆိုအတားအဆီးမရှိဘဲ လက်ခံဖို၊ ဒေသတွင်း ဗုံးကြဲနေတာအပါအဝင် အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို၊ နိုင်ငံရေးအကျဉ်းသားအားလုံး ကို ပြန်လွှတ်ပေးဖိုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို ဖြစ်ပါတယ်။

“နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) နဲ့ တွေ့ဆုံဆွေးနွေးဖိုဆိုတာ သိပ်လွယ်ကူတဲ့ဖြစ်စဉ်တော့မဟုတ် ပါဘူး။” လို ဟေဇာက ပြောပါတယ်။

Ref: UN Myanmar envoy ‘very concerned’ about Aung San Suu Kyi’s health

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။