Trending Now

ထိုင်ဝမ်ကျွန်းတောင်ဘက်မှာ တရုတ်က လေတပ်၊ ရေတပ် စစ်ရေးလေ့ကျင့်မှု အစုလိုက်အပြုံလိုက်ပြုလုပ်ခဲ့

Spread the love

ထိုင်ဝမ်ကျွန်းတောင်ဘက်မှာ တရုတ်က လေတပ်၊ ရေတပ် စစ်ရေးလေ့ကျင့်မှု အစုလိုက်အပြုံလိုက်ပြုလုပ်ခဲ့

EPN

နိုင်ငံတကာ၊ ဇူလိုင် ၁၂

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်နိုင်ငံက တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ အပြင် စစ်သင်္ဘောတွေ ပါဝင်တဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခုကို ဇူလိုင်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။

ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုံထဲကို တရုတ်လေတပ် လေယာဉ် ၃၂ စင်း၊ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေအပြင် နျူကလီးယားစွမ်းရည်ရှိတဲ့ H-6 ဗုံးကြဲလေယာဉ်လေးစင်း ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်တောင်ပိုင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ သင်္ဘောတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး တရုတ်စစ်သင်္ဘောလေးစင်က “တိုက်ပွဲဝင်ဖို့ အသင့်အနေအထားနဲ့” ကင်းလည့်ခြင်းကို ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၁ ရက်နေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ပိုက်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေးဇုံထဲကို စစ်လေယာဉ်တွေ ပုံမှန်စေလွတ်ခဲ့သလို ပြီးခဲ့တဲ့ သြဂုတ်လ နဲ့ ဧပြီလမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်အနီးမှာ ပြုလုပ်ခဲ့ပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။