Trending Now

အမေရိကန်ရေတပ်က တပ်သားနှစ်ဦး တရုတ်စပိုင်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခံရ

Spread the love

အမေရိကန်ရေတပ်က တပ်သားနှစ်ဦး တရုတ်စပိုင်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ သြဂုတ် ၄

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ အမေရိကန်ရေတပ်က စစ်မှုထမ်းနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန် တရားရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

သူတို့နှစ်ဦးဟာ အမေရိကန် စစ်သင်္ဘောတွေရဲ့ လက်စွဲစာအုပ်၊ လက်နက်စနစ်တွေပါရှိတဲ့ လျှို့ဝှက်အချက်အလက်တွေအပြင် အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖိုင်တွေကိုပါ တရုတ်ကို ရောင်းစားထားတယ်လို့ စွဲချက်တင်ခံထားရပါတယ်။

“ဒီဖမ်းဆီးမှုတွေဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို ထိခိုက်စေပြီး ကာကွယ်သူတွေကို ခြိမ်းခြောက်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မဆုတ်မနစ် ပြင်းထန်တဲ့ ကြိုးပမ်းမှုတွေကို အမှတ်ရစေပါတယ်” လို့ ဖမ်းဆီးမှုမှာ ပါဝင်ခဲ့တဲ့ FBI ဆူဇန်တွန်နာ က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ USS Essex ကုန်းရေနှစ်သွယ် ချေမှုန်းရေး သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမှုထမ်းတွေဖြစ်ပြီး သင်္ဘောလည်ပတ်မှုစနစ်ကို အသေးစိတ်ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဒါဇင်ပေါင်းများစွာကို လွဲပြောင်းပေးခဲ့တယ်လို့ တရားရေးဌာနက ထုတ်ပြန်ပါတယ်။

ref; DFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။