Trending Now

COVID-19 အပြီး ကမ္ဘာလှည့်ခရီးသွားတွေအများဆုံးလာနိုင်တဲ့ နိုင်ငံ ၇ နိုင်ငံ စာရင်း၌ မြန်မာနိုင်ငံကို Forbes မဂ္ဂဇင်း ဖော်ပြ

Spread the love

COVID-19 အပြီး ကမ္ဘာလှည့်ခရီးသွားတွေအများဆုံးလာနိုင်တဲ့ နိုင်ငံ ၇ နိုင်ငံ စာရင်း၌ မြန်မာနိုင်ငံကို Forbes မဂ္ဂဇင်း ဖော်ပြ

EPN
နိုင်ငံတကာ၊ ဇွန် ၃

ကမ္ဘာ့ကပ်ရောဂါအပြီးမှာ ကမ္ဘာလှည့်ခရီးသွားတွေအများဆုံးလာရောက်တဲ့နိုင်ငံတွေဖြစ်လာနိုင်တဲ့နိုင်ငံ ၇ နိုင်ငံကို Forbes မဂ္ဂဇင်းက ရွေးချယ်ပေးထားပေးပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းဟာ မကြုံစဖူးအကျဘက် ရောက်နေတာကြောင့် ကမ္ဘာ့နိုင်ငံတွေဟာ ခရီးသွားဖို့ပြန်အဆင်ပြေလာတာနဲ့ နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်ဖို့ပြင်ဆင်နေပြီး တချို့နိုင်ငံတွေကတော့ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့နိုင်ငံတွေဖြစ်လာဖို့ အခွင့် အရေးရနေပါတယ်။

အခုဖော်ပြမယ့်နိုင်ငံတွေဟာ ကမ္ဘာ့အဆင့်ခရီးသွားဆွဲဆောင်တဲ့နေရာတွေမဖြစ်သေးပေမဲ့ သဘာ၀အလှအပ တွေ၊ သမိုင်းအမွေအနှစ်တွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ယဉ်ကျေးမှုဆိုင်ရာအတွေ့အကြုံတွေလိုမျိုး လိုအပ်တဲ့အရာတွေအားလုံးရှိနေပီးသားဖြစ်နေပါတယ်။

အီသီယိုးပီးယား
အာဖရိကတိုက်ကနိုင်ငံ ၅၄ နိုင်ငံထဲမှာ အီသီယိုးပီးယားနိုင်ငံဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးသမိုင်းနောက် ခံရှိတယ်ဆိုတာကို ငြင်းချက်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ အီသီယိုးပီးယားနိုင်ငံဟာ ခရစ်ယာန်ဘာသာကို လက်ခံခဲ့ တဲ့ကမ္ဘာပေါ်က ဒုတိယမြောက်နိုင်ငံ၊ ဥရောပအင်အားကြီးနိုင်ငံတစ်နိုင်ငံကို ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ရခဲ့တဲ့ နိုင်ငံနဲ့ အာဖရိကတိုက်ကို ဥရောပအင်အားကြီးနိုင်ငံတွေ သိမ်းပိုက်တဲ့ကာလမှာ ကိုလီနီစနစ်ကို ရင်ဆိုင်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်ရုံသာမက ဒီမြေကနေ လူသားမျိုးနွယ်တွေပထဆုံးဆင်းသက်လာတယ်လို့ ယုံကြည်နေကြတဲ့နိုင်ငံပါ။ ဒီနိုင်ငံကိုသွားလည်ကြမယ့်လူတွေဟာ သဘာ၀အလှအပမြင်ကွင်းစုံကိုရှာဖွေတွေ့ရှိမှာပါ။ နိုင်ငံအနောက်ဘက် စွန်းက မိုးသစ်တောတွေရှိတဲ့နေရာဖြစ်ပြီး အရှေ့ဘက်ကတော့ ကုန်းပြင်မြင့်တွေရှိနေတဲ့နေရာပါ။ နောက်ခံ သမိုင်းကြောင်းကြွယ်၀တာနဲ့ ခမ်းနားကြီးကျယ်တဲ့သဘာ၀အလျောက်နေရာတွေက ဒီနိုင်ငံကို ကြယ်ပွင့်တစ်ခု မဖြစ်စေဘူးဆိုရင် အီသိုယိုးပီးယားနိုင်ငံရဲ့ဟင်းလျာတွေက ဖြစ်စေမှာပါ။ အင်ဂျဲရာလို့ခေါ်တဲ့ ဂျုံပြားဟင်းလျာကို လက်နဲ့စားမယ်ဆိုတာကလည်း လူတိုင်းတစ်သက်မှာ တစ်ခါတွေ့ကြုံခံစားသင့်တဲ့ ယဉ်ကျေးမှုအတွေ့အကြုံ တစ်ရပ်ဖြစ်ပါတယ်။

အီရန် 
ဆယ်စုနှစ်ပေါင်းများစွာကြာနေတဲ့ ပထဝီနိုင်ငံရေးအငြင်းပွားမှုတွေဟာ အီရန်နိုင်ငံရဲ့ဂုဏ်သိက္ခာကို အဓိကထိုး နှက်မှုတစ်ခုဖြစ်နေပေမဲ့ အီရန်ရဲ့ယဉ်ကျေးမှုအမွေအနှစ်ဟာ ကမ္ဘာမှာရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးတွေ ထဲကတစ်ခုဆိုတာ ငြင်းလို့မရပါဘူး။ အီရန်ဟာ သမိုင်းစိတ်၀င်စားသူတွေကို အမှန်တကယ်စိတ်ချမ်းမြေစေတဲ့ နေရာပါ။ ပြီးခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်က အာချေမီနစ်ဘုရင့်နိုင်ငံတော်ရဲ့မြို့တော်ဖြစ်ခဲ့တဲ့ ပါစီပိုလစ်မြို့ ဟောင်းဟာ ရှီရက်ဇ်မြို့ရဲ့အရှေ့မြောက်ဘက်ကို ခဏလောက်သွားရုံနဲ့ရောက်တဲ့မြို့ဖြစ်ပြီးတော့ ဟာမီဒန်ရှေး ဟောင်းမြို့ဟာလည်း ဒီနေ့အထိလူကြိုက်များနေတုန်းဖြစ်ပါတယ်။ အီရန်နိုင်ငံတ၀န်းမှာ လည်ပတ်စရာနေရာ တော်တော်များများအမှန်တကယ်ရှိနေတာပါ။ ဒီဇင်းမြို့မှာ နှင်းလျှောစီးနိုင်သလို ဟော်မို့ဇ်ဂန်ပြည်နယ်က သဲဖြူ ဖြူနဲ့ ကမ်းခြေတွေမှာလည်း နေစာလှုံလို့ရပြီး ဂီလန်ပြည်နယ်ကသစ်တောတွေထဲမှာ စခန်းချနိုင်တဲ့အပြင် နိုင်ငံ တ၀န်းလုံးမှာ ညှို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ဗလီတွေနဲ့ ဇောရိုးဘာသာဘုရားကျောင်းတွေကိုတွေ့ရနိုင်ပါတယ်။ ပြည်၀င်ခွင့်ရဖို့နည်းနည်းအခက်အခဲရှိပေမဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေ အနာဂတ်မှာပြေလျော့သွားမယ်လို့ မျှော်လင့်ရပြီး ဒီနှစ်သက်စရာကောင်းတဲ့နိုင်ငံအနေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာဖြစ်လာ နိုင်တာကို ကြိုဆိုရမယ်ဆိုတာကို သဘောပေါက်လာမယ်လို့ မျှော်လင့်နေပါတယ်။

မြန်မာ
အရှေ့တောင်အာရှမှာ စင်ကာပူ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က လူသိများထင်ရှားတဲ့ကမ္ဘာလှည့်ခရီးသွားတွေ ကို ဆွဲဆောင်တဲ့နေရာတွေဖြစ်နေပေမဲ့ လျှော့အတွက်ခံရဆုံးနေရာတစ်နေရာဖြစ်တဲ့ မြန်မာနိုင်ငံလိုမျိုး ကျောက် ရိုင်းတုံးတွေလည်း အရှေ့တောင်အာရှမှာအများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ပြင်ဆင်မွမ်းမံထားတဲ့ ဗုဒ္ဓ ပုထိုးတော်တွေ၊ ရှေးဟောင်းယဉ်ကျေးမှုလက်ကျန်တွေနဲ့ လူတွေရှုပ်ရှက်ခတ်နေတဲ့မြို့ကြီးတွေမှာ ထိုင်းနိုင်ငံလို မျိုး ချစ်ခင်ဖွယ်ပင်ကိုယ်အရည်အသွေးတွေအများအပြားရှိနေပါတယ်။ ဖွံ့ဖြိုးလာတဲ့စီးပွားရေးကလည်း အသုံး စရိတ်ချွေတာတဲ့ခရီးသွားတွေအတွက် သုံးနိုင်တာထက်ပိုမကုန်ဘဲနဲ့သွားနိုင်ပါတယ်။ မြို့တော်နေပြည်တော် ကတော့ အစီအစဉ်ဆွဲတည်ဆောက်ထားတဲ့မြို့ဖြစ်ပြီးတော့ ဒီအချက်ကို မြို့ကွက်ကျယ်ပြီး လူဦးရေနည်းလို့ ယာဉ်ကြောပိတ်ဆို့မှုနည်းတဲ့နေရာမှာသိသာပါတယ်။ မြို့တော်ဟောင်း ရန်ကုန်ကတော့ နိုင်ငံရဲ့အထွတ်အမြတ် ထားတဲ့ ဗုဒ္ဓဘာသာစေတီတွေနဲ့ ကိုလိုနီခေတ်ဗိသုကာလက်ရာတွေကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့နေရာဖြစ်ပါ တယ်။

ဂျော်ဂျီယာ
မက်မွန်သီးကောင်းကောင်းထွက်တဲ့ အမေရိကန်ပြည်ထောင်စုက ဂျော်ဂျီယာပြည်နယ်နဲ့ မှားလေ့ရှိတဲ့ ဒီနိုင်ငံ ဟာ ကော့ကေးဆပ်ဒေသရဲ့ကျေးလက်ဒေသနဲ့ပတ်သက်ပြီး အထင်ရှားဆုံးနေရာတစ်နေရာဖြစ်လာဖို့ လမ်း ကြောင်းပေါ်ရောက်နေပါပြီ။ မြို့တော်ဘီလ်စီကိုပထမဆုံးသွားကြည့်မယ်ဆိုရင် လမ်းခင်းကျောက်တွေနဲ့ ဆောက်ထားတဲ့ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ပြည့်နေပြီး မက်ဗာရီမြစ်ကမ်း ပါးမှာ တည်ရှိနေတာပါ။ ဂျော်ဂျီယာမြို့ပြက ခမ်းနားကြီးကျယ်ပေမဲ့ သဘာ၀အလှတွေကိုလည်း မမေ့သင့်ပါဘူုး။ နိုင်ငံအနောက်ပိုင်းက စားကျက်မြေတွေနဲ့ ကျေးလက်ဆန်တဲ့မြို့ငယ်လေးတွေကလည်း သွားရမယ့်နေရာတွေ ထဲမှာပါပြီး ကိုယ်နှစ်သက်တဲ့ဝိုင်ကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။ ဂျော်ဂျီယာဟာ ကမ္ဘာမှာရှေးအကျဆုံး ဝိုင်ဖောက်တဲ့နေရာဖြစ်ပြီး ဘီစီ ၆၀၀၀ လောက်ကတည်းက ဝိုင်ဖောက်နေတာပါ။

ဖိလစ်ပိုင်
ကျွန်းပေါင်း ၇၅၀၀ လောက်အကြမ်းဖျင်းရှိတဲ့ဒီအကြီးစားကျွန်းဆွယ်ကတော့ ဇီဇာကြောင်တဲ့ ကမ္ဘာလှည့်ခရီး သွားတွေကို ပေးစရာ တစ်ခုရှိနေမှာပါ။ မြောက်ဘက်အကျဆုံး လူဇွန်ကျွန်းကတော့ မနီလာမြို့ကြီးရှိတဲ့နေရာပါ။ မနီလာမြို့ကြီးမှာ နိုင်ငံမြို့တော်မနီလာနဲ့ လူနေအထူထပ်ဆုံးကွီဇွန်မြို့အပါအ၀င် မြို့ကြီး၁၆ မြို့ပါ၀င်ပြီး မနီလာ နဲ့ကွီဇွန်တို့ဟာ ဖိလစ်ပိုင်ယဉ်ကျေးမှုထဲနစ်မြုပ်သွားစေနိုင်ပြီးရေပန်းစားတဲ့မြို့ကြီးတွေဖြစ်ပါတယ်။ သဲထူတဲ့ ကမ်းခြေတွေမှာ အနားယူချင်သူတွေအတွက်တော့ နိုင်ငံအလယ်ကကျွန်းဆွယ်ဝိဆာရကို ဦးတည်သင့်ပြီး ပါလာ၀မ်နဲ့ဘိုရာကေး ကျွန်းတွေဟာ နိုင်ငံရဲ့အကောင်းဆုံးသဲဖြူဖြူတွေရှိတဲ့ကျွန်းတွေဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီကျွန်းနှစ်ကျွန်းမှာ ဖိလစ်ပိုင်မှာတွေ့ရအများဆုံးအပင်တွေနဲ့ တိရစ္ဆာန်မျိုးစိတ်တွေကိုတွေ့ရမှာပါ။

ဆလိုဗေးနီးယား
ဆလိုဗေးနီးယားရဲ့အနီးဆုံးအိမ်နီးချင်းဖြစ်တဲ့ အီတလီ၊ ခရိုအေးရှားနဲ့ သြစတြီးယားတို့ဟာ နှစ်စဉ်ကမ္ဘာ့လှည့် ခရီးသွားအများအပြားကို ဆွဲဆောင်နိုင်ချိန်မှာ ဒီတောင်ထူတဲ့နိုင်ငံငယ်ကတော့ မသွေးရသေးတဲ့ကျောက်ရိုင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ မြို့တော်ဂျူဘယ်ဂျာနာကတော့ ဒေသရဲ့အဓိကယဉ်ကျေးမှုအချက်အချာ နေရာဖြစ်ပြီးတော့ ကမ္ဘာ့အဆင့်ပန်းချီနဲ့ သမိုင်းပြတိုက်တွေသာမက ရာစုနှစ်ချီသက်တမ်းရှိနေတဲ့ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ခမ်းနားကြီးကျယ်တဲ့မြို့ဟောင်းတွေကိုပါတွေ့ရမှာပါ။ မြို့ကိုနှံ့နှံ့စပ်စပ်သွားပြီးပြီဆိုရင် နိုင်ငံမြောက်ပိုင်းက ဂျူလီယံအဲ့လ်ပ်စ်တောင်တန်းတွေကိုသွားသင့်ပါတယ်။ ဂျူးလီယက်ဆီဇာကို ဂုဏ်ပြုအမည် ပေးထားတဲ့ဒီတောင်တန်းဟာ ထရစ်ဂ်လက်ဗ်အမျိုးသားဥယျာဉ်နဲ့အများစုထိစပ်နေပြီး အဲဒီဥယျာဉ်မှာ ဆလိုဗေး နီးယားနိုင်ငံရဲ့သဘာ၀အလှတွေကို အမြောက်အမြားတွေ့နိုင်ပါတယ်။

တူနီးရှား
မြေထဲပင်လယ်ကမ်းခြေတွေ၊ ရှေးဟောင်းအကြွင်းအကျန်တွေနဲ့ မာဂရီဘီဟင်းလျာတို့နဲ့ မွစိတက်နေတဲ့ တူနီး ရှားနိုင်ငံဟာ မြောက်အာဖရိကရဲ့တက်တက်ကြွကြွရှိပြီး တမူထူးခြားတဲ့ယဉ်ကျေးမှုကို တွေ့ကြုံခံစားချင်သူတွေ အတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပါ။ တူနီးရှားကိုသွားမယ်လို့ စီစဉ်နေသူတွေအတွက် နိုင်ငံရဲ့ကမ်းရိုးတန်းဟာ အဓိကဆွဲဆောင်မှုတစ်ခုဖြစ်နေပြီးတော့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ကပ်ဘွန်ကျွန်းဆွယ်ဟာ ကျေးလက်ဆန်တဲ့ သဲဖြူဖြူတွေရှိတဲ့ကမ်းခြေတွေရှိပါတယ်။ ရှုပ်ရှက်ခတ်စည်ကားနေတဲ့မြို့တော်ကျူးနစ်ကလည်း အဲဒီနေရာက နေ သိပ်မဝေးတဲ့နေရာမှာရှိနေပါတယ်။ သမိုင်းစိတ်၀င်စားသူတွေအတွက်ကတော့ ဂန္တ၀င်ခေတ်မှာတည်ရှိခဲ့တဲ့ အချမ်းသာဆုံးမြို့တွေထဲကတစ်မြို့ဖြစ်တဲ့ ကာသေ့ဂ်ျမြို့ရဲ့အကြွင်းအကျန်တွေဟာ မဖြစ်မနေသွားကြည့်ရမယ့် နေရာဖြစ်ပြီး ပိုပြီးတော့ စွန့်စားခရီးသွားချင်သူတွေအတွက်ကတော့ တောင်ပိုင်းကိုဆက်သွားပြီး သမိုင်း၀င်အာဖ ရိက အခြေချနေထိုင်မှုတွေရဲ့အကြွင်းအကျန်တွေရှိတဲ့ပြီးပြည့်စုံတဲ့နေရာဆာဟာရသဲကန္တာရထဲကို ခရီးဆက် ထွက်နိုင်မှာပါ။

Ref : Rising Stars In Travel: These 7 Countries Have Potential To Become Major Tourist Destinations In A Post-Covid World


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။