Trending Now

ဖားကန့်တွင် ရေမဆေးလောပန်းတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံရ

Spread the love

ဖားကန့်တွင် ရေမဆေးလောပန်းတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံရ

EPN
မြစ်ကြီးနား ၊ ‌ဇွန်လ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာတွင် ယမန်နေ့ နနံနက် ၉ နာရီခန့် ရေမဆေးလောပန်းတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံရကြောင်း ဖားကန့်ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဥ်မှာ လောပန်းမှာ ၎င်း ၏ အဖွဲ့သားများနှင့်အတူ နှင့်အတူ ရေမဆေးကျောက်ရှာဖွေရင်း ရေမဆေးကျောက်တစ်လုံးအောင်ပြီးသည့်အချိန်တွင် ကျင်းသားများအား ဈေးအဆမတန်နှိမ်ပြီး ဈေးပေးသည့်အတွက် အဖွဲ့သားများမှမကျေနပ်ဖြစ်ကာ ယမန်နေ့နနံနက်ပိုင်း လောပန်းအပြန်ကိုစောင့်ပြီး သံတိုင်ဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

“လောပန်းကကျောက်တစ်လုံးအောင်တော့သူ့အဖွဲ့သားတွေကိုဈေးအဆမတန်နှိမ်ပြီးပေးတာပေါ့၊ညှိနိုင်းလို့လည်းမရဘူးပြောတယ်၊ဒါကကေအိုင်အေပိုင်တာဆိုပြီးသူပေးချင်တဲ့ဈေးပေးသွားလို့သူ့ရဲ့အဖွဲ့သားတွေကျဉ်းသားတွေကမကျေနပ်တော့လမ်းမှာစောင့်ပြီးထိုးသတ်လိုက်တာ”ဟု ၎င်းကပြောသည်။

အဆိုပါ သတ်ခံလိုက်ရသည့် အမျိုးသားမှာ ဦးသန့်ဇင်ဝင်း အသက် (၃၇)နှစ် ဖားပြင်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကိုလည်း အမှုဖွင့်အရေးယူနိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။