Trending Now

မိုးကောင်းမြို့နယ်တွင် ဘာသာရေးဆရာတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

Spread the love

မိုးကောင်းမြို့နယ်တွင် ဘာသာရေးဆရာတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

EPN
မြစ်ကြီးနား ၊ မတ် ၁၈ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် ဘာသာရေးဆရာတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ယနေ့ (မတ်လ ၁၈ ရက်နေ့)၊ နေ့လည် ၁၂ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

ယင်းသေဆုံးသူမှာ နမ္မတီးမြို့၊ ညောင်ပင်ရပ်ကွက်ရှိ နေအိမ်၌ရှိနေစဥ် အမျိုးသားသုံးဦးမှ 125 အမျိုးအစား ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ကာ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” ဆရာက အိမ်အရှေ့မှာ ထိုင်နေချိန် လူငယ် ၃ ယောက် သေနတ်အတိုတွေပါလာတယ်။ တစ်ယောက်က ဆိုင်ကယ် ပေါ်ကျန်ခဲ့ပြီး ၂ ယောက်က ဝင်ပစ်သွားခဲ့တယ်။ သေနတ်သံ ၅ ချက်ထပ်မနည်းကြားလိုက်ရတယ်။ ချက်ချင်းပဲပြေးထွက်သွားတယ် ” ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဘာသာရေးဆရာ ဦးနမ်မြဲခွန်ဂျော်လီ ဆိုသူဖြစ်ပြီး ဦးခေါင်းနှင့် နောက်စေ့တို့တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ကလည်း မိုးကောင်းမြို့ ရေရှင်ကျေးရွာ ၊ ရပ်/ကျေးတာဝန်ခံတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ နေအိမ်တို့ဝင်ရောက်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။