Trending Now

ဥရောပက ရုရှားရဲ့ စွမ်းအင်ခြိမ်းခြောက်မှုကို ခံနိုင်ရည်ရှိသလား

Spread the love

ဥရောပက ရုရှားရဲ့ စွမ်းအင်ခြိမ်းခြောက်မှုကို ခံနိုင်ရည်ရှိသလား

EPN
ဘာသာပြန်ဆောင်းပါး။ သြဂုတ် ၆

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဖြစ်ပေါ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံရေး ခြိမ်းခြောက်မှုဟာ ယနေ့ခေတ်အထိ ပြင်းထန်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကြောင့် ကရင်မလင် နဲ့ အနောက်အုပ်စုကြား ပထဝီဝင်စီးပွားရေးစစ်ပွဲကို စတင်ခဲ့ပြီး ကမ္ဘာ့သမိုင်းမှာမကြုံစဖူးတဲ့ အတိုင်းအတာအထိ ကမ္ဘာ့ဓာတ်ငွေ့ဈေးကွက်ကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

ရုရှားရဲ့ စွမ်းအင်ဈေးကွက်အပေါ် လွှမ်းမိုးမှုကို ဖြတ်တောက်နိုင်ဖို့နဲ့ ယခုဆောင်းရာသီမှာ အကြီးအကျယ်ပြတ်လပ်မှုကို ရှောင်ရှားနိုင်အောင် ဥရောပရဲ့ ကြိုးပမ်းမှုတွေကြောင့် စွမ်းအင်ဈေးနှုန်းတွေဟာ မြင့်တက်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စွမ်းအင်ဈေးကွက်ကို ကမောက်ကမဖြစ်စေခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေဟာ ကြိုတင်ပြင်ဆင်ထားတဲ့သူတွေတောင် ရှောင်လွဲလို့မရနိုင်ပါဘူး ဥပမာအားဖြင့် စွမ်းအင်လုံခြုံရေးကို တိုးမြှင့်ဖို့အတွက် နှစ်ရှည်သဘာဝဓာတ်ငွေ့ တင်သွင်းမှု စာချုပ်အများအပြားကို ချုပ်ဆိုထားတဲ့ ပါကစ္စတန် နဲ့ မိတ်ဖက်တွေက သူတို့ရဲ့ ဓာတ်ငွေကို ဖောက်သည်အသစ်တွေကို ဓာတ်ငွေ့ပေးပို့ဖို့ သဘောတူညီချက်တွေကိုချိုးဖောက်ခဲ့တာကို မြင်တွေ့ရမှာပါ။ ဒါတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲကမ္ဘာကြီးနှစ်ခုလုံး ရဲ့ ဘဏ္ဍာတွေကို ဆုတ်ယုတ်စေခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ ပြင်ထန်တဲ့ နိုင်ငံတကာပိတ်ဆို့ အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားဟာ သူတို့ရဲ့ စီးပွားရေးကို ထိမ်းထားနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကို အသုံးပြုနေပါတယ်။ ဒါ့အပြင် ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေကို တင်ပို့နေတဲ့ ဓါတ်ငွေပိုက်လိုင်းတွေကို လက်နက်တစ်ခုလို ရုရှားက အသုံးပြုလာပါတယ်။

ယခုသီတင်းပတ်အစောပိုင်းမှာပဲ ရုရှားက ဥရောပကို ပိုမိုတင်းကျပ်နိုင်ဖို့အတွက် ဂျာမနီကို တင်ပို့နေတဲ့ Nord Stream 1 ပိုက်လိုင်းက ဓာတ်ငွေ့တင်ပို့မှု ၂၀ ရာခိုင်နှုန်းအထိ လျော့ချဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တုံ့ပြန်မှုအနေ နဲ့ ဥရောပသမဂ္ဂစွမ်းအင်ဝန်ကြီးတွေက အခုဆောင်းရာသီမှာ ဓာတ်ငွေ့အသုံးပြုမှုကို ၁၅ ရာခိုင်နှုန်းလျှော့ချဖို့ သဘောတူညီချက် အမြန်ကြေညာခဲ့ကြရပါတယ်။

ဒါဟာ ရုရှားရဲ့ ဖိအားကို လက်သင့်မခံတဲ့ ဥရောပရဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး ယူကရိန်းကို အနောက်နိုင်ငံတွေရဲ့ အကူအညီဆက်ပေးမယ်လို့ ပြသလိုက်တာဖြစ်ပါတယ်။ ဒါဟာ ပဋိပက္ခကြောင့် တွန်းအားပေးတောင်ဆိုမှုကို လျော့ချလိုက်တာဖြစ်ပေမယ့် ဥရောပရဲ့ စီးပွားရေးကျဆင်းမှုကတော့ အာမခံပြီးသားဖြစ်နေပါတယ်။

ဥရောပသမဂ္ဂဟာ ဆောင်ရာသီမှာ ဓာတ်ငွေ့သိုလှောင်မှုပမာဏ ၈၀ ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းဖို့ ရည်ရွယ်ထားပေမယ့် ရုရှား Gazprom ရဲ့ နောက်ဆုံးဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဥရောပဟာ ပန်းတိုင်ကို ရောက်မှာမဟုတ်ဘူးလို့ လေ့လာသူတွေက ခန့်မှန်းထားပြီးဖြစ်ပါတယ်။

အခု ဥရောပသမဂ္ဂက နောက်ဆုံးမှာ ရုရှားဓာတ်ငွေ့လိုအပ်မှုကို ဘယ်လောက်ပဲ ခက်ခဲပါစေ လျှော့ချဖို့ အဆင်သင့်ဖြစ်နေပြီးလို့ ရှင်းရှင်းလင်းလင်းဖော်ပြထားတာကြောင့် လက်ရှိမှာ ရုရှားက ဥရောပကို အမြင့်ဆုံးနာကျင်မှုခံစား စေဖို့အတွက် တတ်နိုင်သမျှလုပ်ဆောင်မှာဖြစ်ပါတယ်။

ဥရောပဟာ ရုရှားဓာတ်ငွေ့ကို မှီခိုနေရဆဲဖြစ်တဲ့အတွက် ယူကရိန်းကို ပံ့ပိုးကူညီနေတဲ့ အနောက်နိုင်ငံတွေက ရုရှားကို ဖိအားမပေးနိုင်တဲ့ အခြေအနေရောက်အောင် ရုရှားသမ္မတ ဗလာဒီမာပူတင်က လုပ်ဆောင်နေတာဖြစ်ပါတယ်။

တစ်ကမ္ဘာလုံး စီးပွားရေးအခက်အခဲတွေ ရင်ဆိုင်နေရချိန်မှာ ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်လာတာကြောင့် ဥရောပအစိုးရတွေအတွက် တူညီတဲ့ အန္တရာယ်တစ်ခုဖြစ်ပါတယ်။ လက်ရှိ ဥရောပ ခေါင်းဆောင်တွေဟာ စွမ်းအင်အသုံးပြုမှုကို လျော့ချနိုင်ဖို့နဲ့ စက်မှုလုပ်ငန်းတွေ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် တပြိုင်နက် ကူညီပေးရမယ့် အခက်အခဲကိုရင်ဆိုင်နေရပါတယ်။

စွမ်းအင်ဟာ ရုရှား နဲ့ အနောက်နိုင်ငံတို့ကြား ဖြစ်ပွားနေတဲ့ ပထဝီစီးပွားရေးတိုက်ပွဲမှာ အကျိုးဆက်အရှိဆုံး ရှေ့တန်းစစ်မျက်နာပြင် ဖြစ်နေတာကြောင့် ဥရောပဟာ စွမ်းအင်အရင်းအမြစ် ခိုင်ခိုင်မာမာ ရှိနေဖို့လိုအပ်ပါတယ်။

ဥရောပအစိုးရတွေဟာ သိသိသာသာ ခြေလှမ်းလှမ်းနိုင်ပေမယ့် ပြည်တွင်းက တုံ့ပြန်မှုတွေကို ကြောက်ရွံ့နေတာကြောင့် စွမ်းအင်ထောက်ပံ့ရေးပြဿနာကို အမြန်ဖြေရှင်းဖို့ ဝန်လေးနေကြပါတယ်။
ဥပမာ နယ်သာလန် Groningen ဓာတ်ငွေ့တွင်းက ထုတ်လုပ်မှုတိုးမြှင့်ခြင်းနဲ့ ဥရောပတစ်ဝှမ်း အပိုသဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံပေါင်းများစွာကို ထုတ်ယူနိုင်ပေမယ့် အနီးနားပတ်ဝန်းကျင်မှာ ငလျင်ငယ်တွေ လုပ်ခတ်မှုနဲ့ တွန်းလှန်မှုအချို့ကြောင့် လာမယ့်နှစ်မှာ လည်ပတ်မှုတစ်ခုလုံးကို ပိတ်သိမ်းဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။

အလားတူပဲ ဂျာမနီဟာလည်း ယခုနှစ်ကုန်မှာ ပိတ်သိမ်းမယ့် နျူးကလီးယား ဓာတ်အားပေးစက်ရုံတွေရဲ့ သက်တမ်းကို တိုးမြင့်လိုက်ခြင်းနဲ့ စွမ်းအင်ထောက်ပံ့နိုင်ပါတယ်။ ဂျာမနီအစိုးရညွန့်ပေါင်းအဖွဲ့က ဆက်လက်လည်ပတ်ဖို့ ထည့်သွင်းစဉ်းစားနေတယ်လို့ ပြောကြားခဲ့ပေမယ့် နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock အပါအဝင် ဂရင်းစ်တို့က အဆိုပါ လှုပ်ရှားမှုကို ဆက်လက် ဆန့်ကျင်ဆဲဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမှု ဖြစ်နိုင်သမျှနည်းလမ်းတွေကို အသုံးပြုပြီး ကိုယ်ပိုင်ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်တာတွေအပြင် ဒေသပြင်ပမှာ ရှိတဲ့ မိတ်ဖက်အသစ်တွေကို ထူထောင်ဖို့ကို လုပ်ဆောင်လာကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းဟာ ဥရောပတစ်ဝှမ်းလုံးခံစားရမှာပါ။ ဒါ့ကြောင့် ဥရောပနိုင်ငံတွေက ကမ္ဘာလုံးဆိုင်ရာက ပေါင်းစပ်ညှိနှိုင်းဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းကို စုစည်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ကမ္ဘာကြီးက ဒီလိုကြီးမားတဲ့ စွမ်းအင်အကျပ်အတည်းကို နောက်ဆုံးရင်ဆိုင်ရတဲ့အခါ မဟာမိတ်တွေက ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် သိသာထင်ရှားစွာ ထိန်းချုပ်နိုင်ခဲ့တယ်။ ဗြိတိသျှ နဲ့ အမေရိကန်တို့က ဒုတိယကမ္ဘာစစ်အစပိုင်းမှာပဲ အရှေ့အလယ်ပိုင်းက ရေနံအများစုကို ထိမ်းချုပ်ထားခဲ့ပါတယ်။ ဗြိတိန်ဟာ ပုလဲဆိမ်းကမ်း ပဋိပက္ခအတွင်း အမေရိကန်ကို တိုက်ရိုမခေါ်ဆောင်မီကပင် စစ်ပွဲအတွက် ထောက်ပံနိုင်ဖို့အတွက် အမေရိကန်အပါအဝင် စွမ်းအင်ကုမ္ပဏီအားလုံးကို စုစည်းကာ ရေနံစစ်ဆင်ရေးဌာန နဲ့ ရေနံဘုတ်အဖွဲ့ကို ဗြိတိန်က တည်ထောင်ခဲ့ပါတယ်။

လက်ရှိမှာ အမေရိကန်က ဥရောပကို သဘာဝဓာတ်ငွေ့ရည်(LNG) တင်ပို့ဖို့ ကတိပြုထားခဲ့ပေမယ့် တက္ကဆက်ပြည်နယ် ဖရီးပို့တ် အထင်ကရစက်ရုံမှာ ဇွန်လအတွင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ ပို့ကုန်ပမာဏ ၁၇ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ပါတယ်။ ဒါ့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ နဲ့ အခုနှစ်ဆောင်းရာသီအတွက် မဟာဗျူဟာတစ်ခု ရေးဆွဲဖို့ လိုအပ်နေပါတယ်။

အခုအချိန်မှာတော့ အခွင့်အလမ်းတွေ လွတ်သွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးမှာလည်း ဓာတ်ငွေ့ထုတ်လုပ်မှုဆိုင်ရာ သိသာထင်ရှားတဲ့ သဘောတူညီမှုမရရှိခဲ့ပါဘူး။ နိုဝင်ဘာလအတွင်းမှာ ပြုလုပ်မယ့် G20 ထိပ်သီးအစည်းအဝေးဟာ ရုရှားအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ကြီးကြီးမားမားတိုးတက်မှု တစ်စုံတစ်ရာရရှိလာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဥရောပခေါင်းဆောင်တွေဟာ မဟာဗျူဟာရေးဆွဲဖို့အတွက် အခြားနည်းလမ်းတွေကို အသုံးပြုရမှာဖြစ်ပါတယ်။

ဒါပေမယ့် ပူတင်ရဲ့ ဓာတ်ငွေ့ ထောက်ပံ့ရေး လက်နက်တွေအောက်မှာ ဥရောပနဲ့ ကမ္ဘာက သူတို့ကိုယ်သူတို့ အကာအကွယ်ပေးဖို့ပြင်ဆင်ရင်း အချိန်ကုန်ဆုံးသွားခဲ့ပါပြီ ဒါတွေကိုဖြေရှင်းနိုင်ဖို့ အကောင်းဆုံးအချိန်ဟာ ကျော်လွန်သွားခဲ့ပေမယ့် နောက်ထပ်အကောင်းဆုံးအချိန်ကို စောင့်မနေဘဲ ကမ္ဘာက အခုစတင်ဖို့လိုအပ်နေပါပြီ။

Source – aljazeera/Maximilian Hess

 

 

 

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။