Trending Now

ပါကစ္စတန်နိုင်ငံမှာ မျက်မြှေးရောင်ရောဂါ ကူးစက်မှုကြောင့် စာသင်ကျောင်း ၅၆,၀၀၀ ကျော်ကို ယာယီ ပိတ်ထားရ

Spread the love

ပါကစ္စတန်နိုင်ငံမှာ မျက်မြှေးရောင်ရောဂါ ကူးစက်မှုကြောင့် စာသင်ကျောင်း ၅၆,၀၀၀ ကျော်ကို ယာယီ ပိတ်ထားရ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၈

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ မျက်မြှေးရောင်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီရန်ကြိုးပမ်းမှုအဖြစ် စာသင်ကျောင်းပေါင်း ၅၆,၀၀၀ ကျော်ကို စက်တင်ဘာ ၂၈ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

ပါကစ္စတန်ရဲ့ လူဦးရေအများဆုံး ပန်ဂျပ်ပြည်နယ်မှာ ရောဂါပိုးကူးစက်မှု အပြင်းထန်ဆုံးဖြစ်ပွားနေပြီး လူနာပေါင်း ၃၅၇,၀၀၀ ကျော်ကို အစီရင်ခံထားတယ်လို့ ပန်ဂျပ်ပြည်နယ် ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

လျင်မြန်စွာ ကူးစက်တတ်သော မျက်စိရောဂါပိုးဟာ မျက်လုံးနီမြန်းခြင်း၊ ယားယံခြင်းနဲ့ မျက်ရည်ပူထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး မသန့်ရှင်းတဲ့လက်နဲ့ မျက်လုံးကိုထိတွေ့မိခြင်းအပြင် ချောင်းဆိုး၊ နှာချေခြင်းတို့ကနေလဲ ကူးစက်ပျံ့နှံ့နေတယ်လို့ သိရပါတယ်။

“ကျောင်းသားတွေကို ရောဂါကူးစက်မှုကနေ အမြင့်ဆုံးကာကွယ်မှုပေးနိုင်တဲ့ အစီအစဉ်တစ်ခုအနေနဲ့ ပိတ်လိုက်တာဖြစ်ပါတယ်၊ ဒီလုပ်ဆောင်မှုကြောင့် ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်”လို့ ပန်ဂျပ်ပညာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဇူဖီကာ အလီက အေအက်ဖ်ပီကို ပြောပါတယ်။

စာသင်းကျောင်းတွေအားလုံးကို အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဌာနက ထုတ်ပြန်တဲ့ စံပြုလုပ်ငန်းဆောင်ရွက်မှုတွေကို လိုက်နာဆောင်ရွက်သွားမယ်လို့ အလီက ပြောကြားခဲ့ပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။