Trending Now

မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ တနိုင်းမြို့နယ်အတွင်း COVID-19 ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

Spread the love

မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ တနိုင်းမြို့နယ်အတွင်း COVID-19 ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

EPN
တနိုင်း၊ မတ် ၂၆

တနိုင်းမြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ တနိုင်းမြို့နယ်အတွင်း COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်လွင်သည် ဌာနဆိုင်ရာဝန်ထမ်းများလိုက်ပါလျှက် ယနေ့မတ်လ ၂၆ ရက်နေ့က တနိုင်းမြို့မဈေးအတွင်း COVID-19 ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ ပန်ကြားချက်အား အသံချဲ့စက်ဖြင့် ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဈေးအတွင်း လက်ဆေးဘေစင်များ ပြုလုပ်ထားရှိမှုများအား စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ပြည်သူများ စစ်ဆေးခြင်း စသည်တို့ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တနိုင်းမြို့ ကင်ဆားရာရပ်ကွက်ရှိ RC ဘုရားကျောင်းတွင် နေရပ်စွန့်ခွာ ပြည်သူ ၃၅၀ ဦးနှင့် KBC ဘုရားကျောင်းတွင်နေထိုင်ကြသည့် နေ့ရပ်စွန့်ခွာပြည်သူများကို COVID-19 ရောဂါပိုးနှင့် ပတ်သက်သည့် ပြည်သူများလိုက်နာရန်အချက်များ ရှင်းလင်းအသိပေးပြောကြားခြင်း၊ ပြည်သူများသို့ အသိပညာပေး ပြန်ကြားချက်များအား ဖတ်ကြားခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း တို့ကို လည်းဆောင်ရွက်ခဲ့​ကြသည်။

ယနေ့ တနိုင်းမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် COVID-19 ကြိုတင်ကာကွယ်နိုင်ရေး အစီအစဉ်သို့ တနိုင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်လွင်နှင့်အတူမြို့နယ်အုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ ခေတ္တမြို့နယ်ဆရာဝန်ကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။