Trending Now

ဆိုရှယ်မီဒီယာမှာ ပို့စ်တင်မှုကြောင့် ဆော်ဒီအမျိုးသမီးတစ်ဦး ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ

Spread the love

ဆိုရှယ်မီဒီယာမှာ ပို့စ်တင်မှုကြောင့် ဆော်ဒီအမျိုးသမီးတစ်ဦး ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ
EPN
နိုင်ငံကတာ၊ စက်တင်ဘာ ၁
အယ်လ်ကာတာနီဆိုတဲ့ ဆော်ဒီအမျိုးသမီးတစ်ဦးဟာ သူမရဲ့ လူမှုကွန်ရက်စာမျက်နာမှာ အခုလအတွင်း ဒုတိယအကြိမ်တင်ခဲ့တဲ့ ပို့စ်တစ်ခုအတွက် ထောင်ဒဏ် ၄၅ နှစ်ချမှတ်ခံခဲ့ရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အယ်လ်ကာတာနီဟာ သူမတင်ခဲ့တဲ့ ပို့စ်မှာ ဆော်ဒီခေါင်းဆောင်တွေကို ပြစ်တင်ဝေဖန်ခဲ့တယ် ဆိုတာကလွဲလို့ သူမအကြောင်း သိပ်မသိရသေးသလို ဘာကြောင့် ထောင်ချခံရသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်သူမျှရှင်းရှင်းလင်းမသိရသေးပါဘူး။
သူမဟာ ဆော်ဒီအာရေးဗီးယားရဲ့ လူမှုရေးအသိုင်းအဝိုင်းကို ဖျက်ဆီးဖို့အင်တာနက်ကိုအသုံးပြုနေတယ်လို့ အဏာပိုင်တွေက စွပ်စွဲထားပြီး နိုင်ငံရေး နဲ့ အမျိုးသားလုံခြုံရေးကိစ္စရပ်တွေကို ကိုင်တွယ်လေ့ရှိတဲ့ ဆော်ဒီအထူးတရားရုံးကနေ သူမကို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
“သူမအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေက တကယ့်ကို ကျယ်ပြန့်ပါတယ်။ သူတို့က အကြမ်းဖက်မှု တန်ပြန်ရေး ဥပဒေနဲ့ ဆိုက်ဘာရာဇဝတ်မှု ဆန့်ကျင်ရေး ဥပဒေ ကို အသုံးပြုနေတယ် အစိုးရကို အဝေးကနေ ဝေဖန်တဲ့ ပို့စ်တွေကိုတောင် ရာဇဝတ်မှု ကျူးလွန်တဲ့ သူတွေလို့ သတ်မှတ်ထားတာပါပဲ ” လို့ အမည်မဖော်လိုတဲ့ ဥပဒေအရာရှိတစ်ဦးက ပြောပါတယ်။
အယ်လ်ကာတာနီ ထောင်ချခံရတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဆော်ဒီအစိုးရကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဆော်ဒီအစိုးရ မီဒီယာရုံးက တုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
Leeds တက္ကသိုလ်က Ph.D ကျောင်းသူ တစ်ဦးကို တွစ်တာမှာ တင်ခဲ့တဲ့ပို့စ်တစ်ခုကြောင့် ဆော်ဒီတရားရုံးက ထောင်ဒဏ် ၃၄ နှစ်ချမှတ်ခဲ့ပြီးနောက် သတင်းပတ်တွေအတွင်းမှာပဲ ဒီသတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Democracy for the Arab World Now ရဲ့ အဆိုအရ အယ်လ်ကာတာနီဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့ သိရပါတယ်။ လက်ရှိသူမဟာ အယူခံဝင်နေစဉ်အတွင်းမှာပဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
အလွန်ကွန်ဆာဗေးတစ် အစ္စလမ်မစ်နိုင်ငံဟာ အမျိုးသမီး ကားမောင်းပိုင်ခွင့်ကဲ့သို့သော လွတ်လပ်မှုတွေကို ပေးအပ်ထားပေမယ့် မင်းသား မိုဟာမက်ရဲ့ သဘောထားကွဲလွဲမှုတွေအပေါ်မှာ တိုက်ခိုက်လာတဲ့ ပို့စ်ပိုင်ရှင်တွေကိုတော့ စီရင်ချက်ချမှတ်မှုတွေပြုလုပ်ဖို့ အသစ်တဖန်အာရုံစိုက်လာခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
— ကိုးကား —
NPR
ref; A Saudi woman gets a 45-year prison sentence for social media use that remains unclear

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။