Trending Now

မြစ်ကြီးနား မြို့ ညဈေးတန်းအနီး ယခုရက်ပိုင်းအတွင်း အုပ်စုဖွဲ့လုယက်မှုများ များပြားလာ

Spread the love

မြစ်ကြီးနား မြို့ ညဈေးတန်းအနီး ယခုရက်ပိုင်းအတွင်း အုပ်စုဖွဲ့လုယက်မှုများ များပြားလာ

EPN
မြစ်ကြီးနား၊ သြဂုတ် ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ညဈေးတန်း အနီး ယခုရက်ပိုင်းအတွင်း အုပ်စုဖွဲ့ကာ ဆိုင်ကယ်၊ ဖုန်း ၊ ပိုက်ဆံအိတ် လုယက်မှုများ များပြာလာကြောင်း မြစ်ကြီးနားမြို့ မြို့မိ မြို့ဖများ ထံမှ သိရသည်။

မြစ်ကြီးနားမြို့၏ အထင်ကရ လည်ပတ်သည့် နေရာတစ်ခုဖြစ်သည့် ညဈေးတန်းအနီး ယခု ရက်ပိုင်းအတွင်း လူလတ်ပိုင်းအရွယ် လူငယ်၄ ဦးခန့်မှ အုပ်စုဖွဲ့ကာ ဆိုင်ကယ်၊ဖုန်း ၊ ပိုက်ဆံအိတ် လုယက်မှုများ ပြုလုပ်လာကြောင်း ပြည်သူများထံမှ သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့က မြစ်ကြီးနားမြို့ ညဈေးတန်းအတွင်း လူအများသွားလာနေသည့်ကြားမှ ဆိုင်ကယ်ဘေးချင်းကပ်ကာ ဖုန်းနှင့် ပိုက်ဆံအိတ်ကို လုယူ ထွတ်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တစ်ဦးကပြောသည်။

” သြဂုတ်လ ၁၀ ရက်နေ့ည ၇ နာရီလောက်က ၊ လူ တွေ အများကြီး သွားလာနေတဲ့ ကြားထဲက ၊ ဆိုင်ကယ်ကို ဘေးချင်းကပ် ပြီး လုသွားတာ ၊ ဖုန်းကော ပိုက်ဆံအိတ်ကောပါသွားတယ် ၊ အဲ့ နေရာ မှာ လုပ်စားနေတော့ ဘယ်လိုပြေးရမလဲ သိနေတယ်၊ မ မိလိုက်ကြဘူး၊ တော်တော်လေး အတင့်ရဲကြတယ်၊ လူလက်ပိုင်အရွယ်လေးတွေ ၊ ဆိုင်ကယ် တွေ ကျပ်တဲ့ နေရာတွေဆို သတိထားကြစေချင်တယ်” ဟု ၎င်းကပြောသည်။

အခုကာလသည် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းမြင့်တက်မှုများအပါအဝင် လုပ်ကိုင်စားသောက်ရသည့်မှာ မလွယ်ကူသည့်အတွက် ခိုးဆိုးလုနှိုက်မှုများ များပြားလာခြင်းဖြစ်သည်ဟု သုံးသပ်မိကြောင်း မြစ်ကြီးနားမြို့နေ မြို့မိမြို့ဖ တစ်ဦးကပြောသည်။

“အခုလို ခိုးဆိုးလုနှိုက်တွေက အခုရက်ပိုင်းတွေမှာ ပိုမိုအတင့်ရဲလာကြတယ်၊ လက်ရှိ နိုင်ငံရေးအခြေအနေကိုအခွင့်ကောင်းယူပြီး လုပ်စားလာကြတာများတယ်၊ နယ်မြေ လုံခြုံရေးကလည်း အရင်ကလို မတင်းကျပ်တော့ ပိုပိုလုပ်လာကြတာကိုတွေ့ရတယ်၊ အဓိက က အလောင်းကစားဝိုင်းတွေတိုးလာ၊ မှုးယစ်ဆေးတွေ ပေါလာတာကြောင့် အဲ့လိုလူတွေက ငွေလွယ်လွယ်ရတဲ့ အခုလို ဓားထောက်လုပ်တာ ၊ ဓားပြ တိုက်တာ၊ အနုကြမ်းစီးတာတွေ ဖြစ်လာကြတယ်၊ လို့ သုံးသပ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ခိုးဆိုးလုနှိုက် မှုများ ကျဆင်းစေဖို့ ဒုစရိုက်မှုများ ဖြစ်ပွါးတတ်သည့် နေရာ ပတ်ဝန်းကျင်တွင် ရပ်ကင်း ဝပ်ကင်း ကင်းပုန်းများဖြင့် စောင့်ကြည့်ခြင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းများ ဆောင်ရွက်ခြင်း၊ပြစ်မှုကျူးလွန်လေ့ရှိသည့် လူ နေရာများအား မျက်ခြေမပြတ် စောင့်ကြည့်ခြင်း များ ပြုလုပ်ဆောင်ရွက်နေကြောင်း မြစ်ကြီးနားမြို့ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” မှုခင်းတွေဖြစ်ပွားမှု ကျဆင်းဖို့ အတွက် မှုခင်းဖြစ်ပွားလေ့ရှိတဲ့နေရာတွေကို စောင့်ကြည့်တာတွေ၊ မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်ကင်းတွေ ပြုလုပ်ဆောင်ရွက်တာတွေ၊ ဆောင်ရွက်နေပါတယ်၊ အခုလို မှုခင်းတွေများလာတာက | ပြည်သူလူထု ပူးပေါင်းပါဝင်မှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်၊ ကျနော်တို့အနေနဲ့လည်း မသင်္ကါဖွယ်ရာ လူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်ပါတယ်၊ မနေ့ကဆို အခုလို ဓားထောက်လုယက်မှု ကျူးလွန်တယ်လို့ ဝင်ခံထားတဲ့ လူငယ် ၆ ဦးကို ဖမ်းဆီး မိထားပါတယ် ” ဟု ၎င်းကပြောသည်။

အလာတူ သြဂုတ်လ ၁၁ ရက်နေ့ ည ၇ နာရီခန့်က မြို့သစ်ရပ်ကွက်အတွင်း ကုန်စုံဆိုင်တစ်ခုအနီး ဈေးလာဝယ်သည့် အမျိုးသမီး ၂ ဦးထံမှ ပိုက်ဆံအိတ်နှင့် ဖုန်းလုယက် ခံခဲ့ရကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။