Trending Now

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲ (၃) ရက်ကြာကျင်းပမည်

Spread the love

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲ (၃) ရက်ကြာကျင်းပမည်

EPN

နေပြည်တော်၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်၊ တောင်ကြီးမြို၏ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းယက်လုပ်ပူဇော်ပွဲ၊ စိန်နားပန်အလှ မီးလွှတ်တင်ပူဇော်ပွဲကို စူဌာမုနိဘုရားရင်ပြင်တွင်လည်းကောင်း၊ အဝေရာမီးပုံးပျံကွင်းတွင် ဈေးဆိုင်ခန်းနှင့် မီးပုံးပျံငယ်များ လွှတ်တင်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလ နေ့ခင်းပိုင်းများတွင် နေ့လွှတ်အရုပ်ပြိုင်ပွဲကျင်းပခြင်း၊ ရိုးရာဈေးရောင်းဝယ်ခြင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ညပိုင်းများတွင် စိန်နားပန်မီးပုံးပျံလွှင်တင်ခြင်းနှင့် ရိုးရာဈေးရောင်းဝယ်ခြင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ(ခြေနှစ်ချောင်းနှင့် ခြေလေးချောင်း) ၂ မျိုးကို ဆုချီးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ပထမ ဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၅ သိန်း၊ တတိယဆု ကျပ် ၃ သိန်းနှင့် နှစ်သိမ့်ဆုကို တစ်ဆုလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ၅ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။