Trending Now

ရှင်ဗွေယန်မြို့တွင် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည်

Spread the love

ရှင်ဗွေယန်မြို့တွင် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည်
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၂
ကချင်ပြည်နယ် တနိုင်းခရိုင် ရှင်ဗွေယန်မြို့တွင် နာဂရိုးရာပွဲတော်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ရက်နှင့် ၁၅ရက်တို့တွင် ရိုးရာ အကများနှင့် အားကစားပြိုင်ပွဲများ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း နာဂဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ရှင်ဗွေယန်မြိုတွင် ကိုဗစ်၁၉ ရောဂါကြောင့် ၄ နှစ် ဆက်တိုက် မကျင်းပနိုင်ခဲ့သည့် နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“နာဂရိုးရာ နှစ်သစ်ကူးပွဲမှာ အားကစားပြိုင်ပွဲတွေ ပါဝင်မယ်၊ ဖူဆယ်ဘောလုံးနှင့် ပိုက်ကျော်ခြင်း စတဲ့ အားကစား ပွဲတွေကိုတော့ ဒီဇင်ဘာလကုန်ပိုင်းကတည်းကစပြီး ကစားခဲ့ပြီ၊ ၁၄ ရက်နေ့မှာ ဖိုင်နယ်ကစားသွားမယ်၊ ဆုပေးပွဲတွေကိုကြတော့ ၁၅ ရက်နေ့မှ လုပ်သွားမယ်၊ အဲ့ဒီ ၁၄ ရက်နေ့မှာပဲ ရိုးရာ အကတွေ မုဒ်ဦးဖွင့်ပွဲတွေ၊ မုဒ်တိုင်သစ် ဖွင့်ပွဲ ဆုတောင်းပွဲတွေပါမယ်၊ ၁၅ ရက်နေ့လယ်ပိုင်းမှာတော့ ကံစမ်းမဲအစီစဉ်ပါမယ်၊ ညပိုင်းဆိုရင် ရှိုးပွဲနှင့် မီးပုံပွဲတွေလည်းပါမယ်”ဟု ၎င်းက ပြောပြသည်။
ကံစမ်းမဲ အစီစဉ်တွင် ပထမဆုကို AD BAN ကားတစ်စီး၊ ဒုတိယဆု သုံးဘီးကားတစ်စီး၊တတိယဆု 125 ဆိုင်ကယ်တစ်စီး၊ စတုတ္ထဆု OPPO ဖုန်း (၂)လုံး နှစ်ဆု၊ ပဉ္စမဆု 24 TV ဆု နှစ်ဆု၊ ဆဌမဆု စက်ဘီးနှစ်စီး (၂)စီးနှစ်ဆုနှင့် နှစ်သိမ့်ဆုအနေဖြင့် ဆုပေါင်း ( ၅၀)ထဲတွင် ရိုးရာအသုံးအဆောင် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ရိုးရာပွဲမှာ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့်ပွဲထက် ပိုမိုစည်ကားသိုက်မြိုက်စွာပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပွဲတွင်ပါဝင်မည့် ခန့်မှန်းလူဦးရေမှာ တစ်ထောင်နီးပါလာရောက်ပါဝင်မည်ဖြစ်ကာ ပွဲအချိန်တွင် ကိုဗစ်စည်းကမ်းများကိုလည်း လိုက်နာရမည့် အစီစဉ်များကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။
လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။