Trending Now

မော်လမြိုင်ကျွန်းမြို့တွင် တစ်ခါသုံး Mask များဈေးနှုန်းအဆန်မတန်မြင့်တက်နေ

Spread the love

မော်လမြိုင်ကျွန်းမြို့တွင် တစ်ခါသုံး Mask များဈေးနှုန်းအဆန်မတန်မြင့်တက်နေ

EPN
မော်လမြိုင်ကျွန်း၊ မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် Mask များ ဈေးနှုန်း အဆမတန်မြင့်တက်နေ၍ ဒေသခံ ပြည်သူများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများ ထံကသိရသည်။

တစ်ခါသုံး Mask ၁၀ ခုပါ တစ်ပါကင်ကို ယခင်ကငွေကျပ် ၅၀၀ မှ ၆၀၀ အထိသာ ရှိခဲ့သော်လည်း ယခုလက်ရှိတွင် တစ်ပါကင်ကို ငွေကျပ် ၄၀၀၀ မှ ၅၅၀၀ အထိဈေးနှုန်းမြင့်တက်သွားနေသဖြင့်အခြေခံလူတန်းစားများအတွက် အိုမိခရွန်အန္တရာယ်ကာကွယ်ရန်အတွက် Mask တပ်ဆင်ဖို့ရာ အခက်အခဲရှိလာကြောင်းသိရသည်။

”အရင်က ၁၀ ခုပါတဲ့ တစ်ပါကင်ကိုမှ ငွေကျပ် ၅၀၀ နဲ့ ၆၀၀ အထိသာဝယ်သုံးခဲ့ရပါတယ်။ အခုကျတော့ တစ်ပါကင်ကို ၄၀၀၀ နဲ့ ၅၀၀၀ အထိဈေးကတက်ဖြစ်လာပါတယ်။ ဈေးကြီးလိုက်တာလို့သွားပြောလို့လည်းမရ ဘူးဖြစ်နေပါတယ်။ ဆိုင်တွေကရောင်းစရာ မရှိတော့ဘူး
အခုလို တစ်ခါပြန်မကူးစက်ခင်က မသုံးခဲ့ရတာကြာတော့ Mask ကိုလက်ကျန်တွေကိုရောင်းနေကျတာလို့ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးတော့ထိုးထားပါတယ် ကူးစက်တာတွေကလည်းရှိနေတော့ကြောက်လို့ Mask ကိုတပ်နေရပါတယ်။ ဒီလောက်ဈေးက
တက်နေတော့ တစ်ခါ တစ်ခါတွေးပါတယ် သေတာကတောင် ပိုကောင်းလိမ့်မယ်လို့။”ဟု မော်လမြိုင်ကျွန်းမြို့ခံ တစ်ဦးကပြောသည်။

အဆိုပါ တစ်ခါသုံး Mask များ ဈေးတက်လာရခြင်း အကြောင်းအရင်းသည် ကိုဗစ်-၁၉ရောဂါကူးစက်မှုများထပ်မံ၍ ဖြစ်ပွားလာခြင်းကြောင့် ရောင်းလိုအားထက်ဝယ်လို အားများလာမှုကြောင့် ကုန်ပစ္စည်းပြတ်လပ်သည့်အထိဖြစ်ပေါ်လာကြောင်း ဆေးဝါးပစ္စည်းဖြန်းဖြူးရောင်းချသည့် လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယခင်က တစ်ခါသုံး Mask တပ်ဆင်အသုံးပြုသူနည်းပါးခဲ့သော်လည်း ယခုအခါပျှမ်းမျှလူဦးရေ ၁၀ ဦးခန့်တွင် ၇ ဦးမှာ တစ်ခါသုံး Mask တပ်ဆင်သုံးစွဲလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။