Trending Now

လေရှီးမြို့ထွေ‌အုပ်ရုံးရှေ့တွင် အသံမိုင်း လာရောက် ဖောက်ခွဲမှုဖြစ်ပွား

Spread the love

လေရှီးမြို့ထွေ‌အုပ်ရုံးရှေ့တွင် အသံမိုင်း လာရောက် ဖောက်ခွဲမှုဖြစ်ပွား

EPN
မြစ်ကြီးနား ၊မေလ ၁၁

စစ်ကိုင်းတိုင်းဒေသ ၊ လေရှီးမြို့ ထွေအုပ်ရုံးအရှေ့တွင်
အသံမိုင်းဖြင့် လာရောက်ဖောက်ခွဲခဲ့သည့် ဖြစ်စဥ်တစ်ခု မေလ ၉ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေရှီးမြို့သည် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် တည်ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီး ၎င်းမြို့တွင်ရှိသော ဝန်ထမ်းအများစုမှာ ယခုချိန်ထိ ရုံးပုံမှန်တက်လျှက်ရှိသည့်အတွက် အကြမ်းဖက်အဖွဲ့အစည်းများမှ ရုံးမတက်ရန်ချိန်းခြောက်ဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောဆိုသည်။

“ဗုံးခွဲတဲ့အသံတော့အရမ်းကျယ်တာကြားလိုက်ရတယ် ည ၁၀ခွဲလောက်မှာဟုတ်တယ်၊ ဒီမှာဒီလိုမျိုးဗုံးခွဲတာတို့ တိုက်ပွဲဖြစ်တာတို့တော့မရှိခဲ့ဘူး၊အေးဆေးပဲနေကြတာဟုတ်တယ် ဒီတခါက ပထမဆုံးဖြစ်တာဟုတ်တယ်၊ သူတို့ဒီလိုဗုံးခွဲတဲ့‌အကြောင်းရင်းက ရုံးတက်နေကြလို့ဟုတ်မယ် ဆက်ပြီးရုံးမတက်နိုင်ဖို့ချိန်းခြောက်တဲ့သဘောပေါ့၊ အဲ့ဒီရုံးထဲမှာတော့လူတော့အများကြီးမရှိဘူး ၊ညကျူတီကျတဲ့သူနှစ်ယောက်သုံးယောက်လောက်ပဲရှိမယ်၊ သူတို့ဗုံးခွဲတာကခြံရှေ့ပဲဆိုတော့လူထိခိုက်တာတွေတော့မရှိဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါလေရှီးမြို့အတွင်းယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်ခြင်း ၊ပစ်ခတ်ခြင်းများလည်း ယခင်က မရှိခဲ့သောနေရာတစ်ခုဖြစ်‌ပြီး ယခုဗုံးခွဲခြင်းသည် ပထမဆုံးဖြစ်ကြောင်းလည်း သိရသည်။ ဗုံးခွဲတိုက်ခိုက်ခဲ့သည့်အဖွဲ့မှာ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိရှိကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဗုံးခွဲတိုက်ခိုက်ခဲ့သည့်အတွက် လူထိခိုက်သေဆုံးခြင်းမရှိသည့်အပြင် အဆောက်အအုံတွေလည်းပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။