Trending Now
Spread the love
EPN
ရန်​ကုန်​ ​ဖေ​ဖော်​ဝါရီ ၁၂
ပြောသည်။
၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်သို့တင်ပြထား
EPN
ရန်ကုန် ဖေဖော်ဝါရီ ၁၂
၂၀၁၈ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မများအနက် လတ်တလော ပြင်ဆင်သင့်သည်များကို အခြေခံဥပဒေ နှင့်အညီ အတည်ပြု သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ အတိုင်း ဥပဒေကြမ်းတစ်စောင်ကို လွှတ်တော်သို့ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တင်ပြထားပြီးဖြစ်ကြောင်း
ပါတီပြောရေးဆိုခွင့် ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
“တိုင်းရင်းသားတွေကို ဖက်ဒရယ်ပေးချင်တယ်။ဖက်ဒရယ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ်ကို သွား နေတဲ့ အခါမှာ တိုင်းရင်းသားတွေ အင်မတန်မှ လို လားနေတဲ့ ၊တိုင်းရင်းသားညီအကိုတွေ အလွန်မတန်မှ ဆာလောင်မွတ်သိပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်မှ သတ် မှတ်ထားတဲ့ဥပဒေ ၊နည်းဥပဒေတွေနဲ့တင်လိုက်လို့ရှိရင် လွှတ်တော်ကြီးကသာ စိတ်ထားစေတနာ ကောင်းနဲ့လက်ခံပြီးတော့ အမြန်ဆွေးနွေး၊အမြန်အတည်ပြုလိုက်မယ်ဆိုရင် တစ်ကယ့်ကိုဖက်ဒရယ် ကိုအခြေခံတဲ့ ပြည်ထောင် စုကိုသွားမယ့်အခြေအနေမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် တိုင်းရင်းသား ညီအကို များကို စိတ်ထားစေတနာကောင်းနဲ့ ကျွန်တော်တို့ပါတီက ဆောင် ရွက်လိုက်ခြင်းဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားများ အထူးလိုလားတောင့်တစွာ ပြင်ဆင်လိုသော အခြေခံဥပဒေပုဒ်မများအနက် လတ်တလော ပြင်ဆင်သင့်သည်များကို အခြေခံဥပဒေနှင့်အညီ အတည်ပြုသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ အတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဥပဒေကြမ်းတစ်စောင်အဖြစ်စနစ်တကျပြုစုတင်ပြထားပြီး ဖြစ်ကြောင်း၊ယနေ့ကျရောက်သည့် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုများအ တွက် အထူးသတင်းကောင်းတစ်ရပ်ပေးပို့အပ်ပါကြောင်း၊အဆိုပါဥပဒေ အမြန်ဆုံးအသက်ဝင်အကောင် အထည်ဖော်နိုင်ရန်အတွက် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည် ဟူ၍ ပြည်ခိုင်ဖြိုးပါတီ၏ ၇၂ နှစ်မြောက် ပြည်ထောင်စု နေ့ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။