Trending Now

မချမ်းဘောမြို့နယ်တွင် ရွှေတူးဖော်နေသူများကို တာဝန်ရှိသူများမှ တားဆီးမှုပြုလုပ်

Spread the love

မချမ်းဘောမြို့နယ်တွင် ရွှေတူးဖော်နေသူများကို တာဝန်ရှိသူများမှ တားဆီးမှုပြုလုပ်

EPN
မြစ်ကြီးနား၊ မတ် ၂ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ရွှေတူးဖော်နေသူများကို တာဝန်ရှိသူများမှ တားဆီးမှုများ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယုခုနှစ်အတွင်း မချမ်းဘောမြို့နယ်ရှိ နမ်ဇဘွမ် ချောင်းအနီးတစ်ဝိုက်တွင် ရွှေတူးဖော်နေကြသူများ ပိုမိုလုပ်ဆောင်လာကြပြီး၊ မြစ်ချောင်းများ၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးမှု သိသိသာသာ ရှိလာသည့်အတွက် မချမ်းဘောမြို့ရှိ တာဝန်ရှိသူများ၊ တပ်မတော်အဖွဲ့များ ပူးပေါင်းကာ တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” ရွှေတူးနေကြတာ အရမ်းကြာပြီ။ အခုလို မတူးဖို့ တားမြစ်တာတွေ မရှိတော့ စက်ကြီးတွေ၊ စက်သေးတွေ၊ လက်လောင်းသမားတွေ တစ်နေ့ပြီး တစ်နေ့ ပိုများလာတာ အမှန်ဘဲ။ အခုတော့ စစ်တပ်ကလူတွေက ရွှေတူးနေတဲ့ချိန်မှာဘဲ အကုန်မောင်းထုတ်လိုက်တာ ဟုတ်တယ်။ ရွှေတူးတဲ့လူတွေဆို စက်ပစ္စည်းတွေချန်ပြီး ထွက်ပြေးကုန်ကြတာ။ အဲ့လိုလုပ်တော့ အခုရွှေတူးတာတွေ မတွေ့ရတော့ဘူး ” ဟု ၎င်းကဆိုသည်။

အဆိုပါ ရွှေတူးဖော်မှုများကို ပြည်သူများ‌‌ပူးပေါင်းပြီး တားဆီးမှုပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း အချို့ဒေသခံများမှာ ငွေရရှိရေးအတွက် မိမိပိုင်ဆိုင်သည့် မြေကွက်များကို ရောင်းချကြပြီး ရွှေတူးဖော်စေသည့်အတွက် ဒေသခံအချင်းချင်း တိုင်ပင်ဆွေးနွေးမှုပြုလုပ်ရန် အခက်အခဲရှိခဲ့ကြောင်း ၎င်းကထပ်မံပြောသည်။

” အရင်ကတည်းက ဒီလိုတွေမဖြစ်လာရအောင် ကျွန်တော်တို့ ဒေသခံ‌တွေစည်းလုံးပူးပေါင်းပြီး ရွှေတူးတာကိုတားမြစ်ကြဖို့ လုပ်ခဲ့ကြပေမဲ့ မဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုရင် တစ်ချို့ဒေသခံတွေကိုယ်၌က မြေကွက်တွေကို ရောင်းနေကြတာ။ သူတို့ပိုက်ဆံရတော့ တိုင်ပင်ဆွေးနွေးဖို့ ခက်တယ်။ အခုလို တာဝန်ရှိသူတွေက တားမြစ်တော့ ပိုကောင်းသွားတာပေါ့။ ဒီထက်လည်း အဲ့လိုကျေးရွာအနီးမှာ ရွှေတူးတာတွေ၊ သဘာဝသစ်တောတွေ ဖျက်ဆီးတာတွေကို ထိမ်းသိမ်းပေးဖို့ မျှော်လင့်ပါတယ် ” ဟု ၎င်းက‌ပြောသည်။

ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြိုနယ် ဒေသများဖြစ်သည့် နမ်ထူခူး၊ မကျော့ဝါ၊ မကပ်မုံ စသည့် ကျေးရွာများ၊ နမ်ဆဘွမ်ကျေးရွာနှင့် မလိခမြစ်ရိုးတလျှောက်တို့တွင် ရွှေတူးဖော်မှုများ ပြုလုပ်လျက်ရှိသည့်အတွက် မြေယာများ၊ သဘာဝပတ်ဝန်းကျင်များ ပိုမိုပျက်စီးသွားမည်ကို ဒေသခံများက စိုးရိမ်နေ‌ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။