Trending Now

မဘိမ်းမြို့နယ်အတွင်း ကျပ်သိန်း တစ်သောင်းလေးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မဘိမ်းမြို့နယ်အတွင်း ကျပ်သိန်း တစ်သောင်းလေးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မဘိမ်း၊ ဇွန် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်အတွင်း ယမန်နေ့က ကျပ်သိန်း ၁၄၂၂၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ငါးအိုးရဲစခန်းမှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုး ကျပ်သိန်း (၁၄၂၂၀) ရှိ WY စာတမ်းပါ ပန်းရောင် မူးယစ်ဆေးပြား (၇၁၁၀၀၀) ပြား ဖြစ်ကြောင်း သိရပြီး ၎င်းမူးယစ်ဝါးများနှင့် အတူ ပါဝင်ပတ်သက်သူ (၂) ဦး ကိုလည်း တာဝန်ရှိသူများက လက်ရဖမ်းဆီး နိုင်ခဲ့သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့သည့်နေရာမှာ မဘိမ်းမြို့နယ်မှ မြောက်ဖက် ၆၅ မိုင်ခန့်အကွာ ခတ်ခုံ ကျေးရွာ နှင့် မိုမင်တန် သစ်ထုတ်လုပ်ရေး သွားလမ်း ဒေသအခေါ် (သစ်ဖွဲ့ပင်ပြန့် ) ဆင်စခန်းတဲအတွင်း ဖြစ်ပြီး မူးယစ်ဆေးဝါး သတင်းအရ ငါးအိုးရဲစခန်းမှူး ရဲအုပ် ထွန်းလွင်လွင် ဦးစီး၍ ခရိုင်(မှု/နှိမ်)မှ ရဲအုပ် ကျော်ဇော် အဖွဲ့၊ ခလရ (၁၂၁)တပ်မှ ဗိုလ်ကြီး ထက်ဇော်လတ် အဖွဲ့၊ ငါးအိုး (စရဖ) ဒုတက တင်အောင်၊ သတင်းရဲတပ်ဖွဲ့ (ငါးအိုး)မှ ရဲတပ်ကြပ်ကြီး ညီညီဝင်း၊ သက်သေ အဖွဲ့များဖြင့် ပူးပေါင်း၍ အဆိုပါ ဆင်စခန်းတဲရှိ နွားတင်းကုတ် တဲအဟောင်းအား ဖမ်းဆီးဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာမှ ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ထွန်းကြိုင် ၃၃ နှစ် (ဘ) ဦးတက် ခတ်ခုံကျေးရွာ၊ သစ်ဖွဲပင်ပြန့် ဆင်စခန်း မဘိမ်းမြို့နယ်၊ အောင်ကျော်ကျော် ၂၂ နှစ် (ဘ)ဦးညိုဝင်းစိန်
ခတ်ခုံ ကျေးရွာ အုပ်စု သစ်ဖွဲပင်ပြန့် ဆင်စခန်းမဘိမ်းမြို့နယ် နေထိုင်သူတို့အား မဘိမ်းမြို့မရဲစခန်းမှ မယ (ပ) ၄၄/၂၀၂၀ မူး/စိတ် ပုဒ်မ ၁၉ (က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ငွေအိုး(ကသာ)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။