Trending Now

မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ လျှပ်စစ်မီတာရုံးဝင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

Spread the love

မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ လျှပ်စစ်မီတာရုံးဝင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၃၀

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်ရှိ လျှပ်စစ်ရုံးဝင်းအနီးတွင် ယမန်နေ့ ည ၆ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဈေးကုန်းရပ်ကွက်နေ ပြည်သူများထံက သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ဈေးကုန်းရပ်ကွက် လျှပ်စစ်ရုံးဝင်းရှိ ဝန်ထမ်းနေအိမ်များအနီး၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းနှင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ဈေးကုန်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပြသည်။

“ည ၆နာရီလောက်မှာ ပေါက်ကွဲသံကြားရတယ်၊ လျှပ်စစ်ရုံးဝင်း၊ ဝန်ထမ်းတွေ အိမ်ယာနားမှာ ပေါက်ကွဲတာလို့ သိရတယ်၊ အသံက အကျယ်ကြီးပဲ ကြားလိုက်တယ်၊ အိမ်တောင် တုန်သွားတယ်၊ တော်တော်လှန့် သွားတာပေါ့၊ လူတွေ မထိခိုက်တာ တော်သေးတယ်၊ ” ဟု ၎င်းက ပြောသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက် စစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို မြင်တွေ့ရကြောင်းနှင့် ဗုံးထောင်ဖောက်ခွဲသူကို မမိလိုက်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။