Trending Now

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်ပေးရန် ဒေသခံများနှင့် ကားဆရာများ‌လိုလား

Spread the love

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်ပေးရန် ဒေသခံများနှင့် ကားဆရာများ‌လိုလား

EPN

မြစ်ကြီးနား၊ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်၊မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်ပေးရန် ပူတာအိုဒေသခံများနှင့် ကုန်းလမ်းပို့ဆောင်ရေးပြုလုပ်နေသည့် ကားဆရာများလိုလားနေကြောင်းသိရသည်။

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား တိုက်ပွဲများဖြစ်ပွားလာမှုကြောင့် KIAနှင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဖြတ်သန်းသွားလာခွင့်ကို ဖေဖော်ဝါရီ ၂၂ရက်နေ့က စတင်ပိတ်ထားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မတော်နှင့် ပူတာအိုခရိုင်အတွင်းရှိ KIOနှင့်ပြည်သူ့ကာကွယ်ရေးPDFပူး‌ေပါင်း တပ်ဖွဲ့တို့တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကုန်းလမ်းပို့ဆောင်ရေးလမ်းပိုင်းအား ဖေဖော်ဝါရီ ၂၂ရက်နေ့ကစတင်ပိတ်ထားသည့်အတွက် ဒေသခံများအခက်အခဲများပိုမိုရှိလာသောကြောင့် မြစ်ကြီးနား-ပူတာအိုကားလမ်းအားအမြန်ဆုံးဖွင့်ပေးစေလို‌ေြကာင်း ပူတာအိုဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲတွေ အခုရက်ပိုင်းဖြစ်တာတော့မကြားတော့ဘူး။ မြစ်ကြီးနား-ပူတာအိုလမ်းကိုတော့ ပိတ်ထားတယ်။ အမြန်ဆုံးပြန်ဖွင့်ပေးစေချင်တယ်။ အခုဆို စက်သုံးဆီဆိုင်တွေရောင်းသူမရှိတော့ဘူး။ ဆီပျက်နေပြီ။ ကုန်ဈေးနှုန်းတွေလည်း အဆမတန်ဈေးများတယ်။ စားသောက်ကုန်တွေ ဆန်တွေပျက်ရင် အများကြီးဒုက္ခရောက်မယ် ပိုဆိုးတာက သူခိုးတွေ ပူတာအိုမှာ ပိုများလာတယ်။ ကြပ်တည်းလာလို့လားမသိဘူး။ အသီးအနှံတွေကအစ ခိုးလာကြပြီ”ဟု ပူတာအိုဒေသခံတစ်ဦးကပြောသည်။

မြစ်ကြီးနား-ပူတာအို ကုန်းလမ်းပိုင်းအား ဆက်လက်ပိတ်ထားပါက ဒေသပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲများ နှင့်ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း မြစ်ကြီးနား-ပူတာအို ကုန်းလမ်းသယ်ယူပို့ဆောင်းရေးပြေးဆွဲနေသည့် ကားဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ကုန်းလမ်းပိုင်းဆက်လက်ပိတ်ထားရင်တော့ ဒေသခံပြည်သူတွေ အရင်ထက်ပိုမိုခက်ခဲကြမှာ ကုန်စည် ပြက်လပ်တာတွေရှိလာမယ်။ ဈေးအဆမတန်ကြီးမယ်။ အခုဆို လမ်းပိုင်းပိတ်ထားတာ တစ်ပတ်ပြည့်ပြီ ဒေသခံတွေ အတော်လေးခက်ခဲနေကြပြီလို့ကြားတယ်”ဟု ၎င်းကပြောဆိုသည်။

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား စစ်ရေးအရ ပိတ်ထားခဲ့သောကြောင့် ယခုလက်ရှိအချိန်တွင် ပူတာအိုဒေသခံအများစုတွင် စီးပွားရေး၊ကျန်းမာရေးနှင့် ပညာရေး အစရှိသည့် အရာအားလုံး ကြပ်တည်းမှုအများအပြားနှင့်ရင်ဆိုင်နေရသည့်အတွက် ယင်းလမ်းပိုင်းအားပြန်လည်ဖွင့်ပေးရန်စီစဉ်နေကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။