Trending Now

ကချင်ပြည်နယ် မိုးညှင်းမြို့ သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

ကချင်ပြည်နယ် မိုးညှင်းမြို့ သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇူလှိုင် ၁၃

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် အမျိုးသား နှစ်ဦး မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီပေါ်မှ ငွေကျပ်သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၇၂ ကီလို နှင့် ဘိန်းစိမ်း ၁၂၅ ကီလို အာ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဇူလှိုင် ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးပူးပေါင်းအဖွဲ့သည် မန္တလေးမှ ဟိုပင်ဘက်သို့ စိုင်းသူရကျော် မောင်းနှင် လာသော ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ် ဆောင်းလာသည့် ဒေသကာလ တန်ဖိုး ငွေ ကျပ် သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၇၂ ကီ လို ၊ ဘိန်းစိမ်း ၁၂၅ ကီလို တို့အား သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

ထပ်မံ ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၆ နာရီခွဲအချိန်တွင် မိုးညှင်းမြို့နယ် ၊ ဟိုပင်မြို့ ရွာသစ် ကြီးကျေးရွာအနီးတွင် သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများ နှင့်ဆက်စပ်၍ ဇော်ဇော်စိုး အားထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကချင်ပြည် နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား သက်ဆိုင်ရာ ရဲစခန်းတွင် ဥပဒေအရအရေးယူထားရှိ ကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။