Trending Now

ယူကရိန်း-ရုရှား စစ်ပွဲကြောင့် အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူသူများပြားလာ

Spread the love

ယူကရိန်း-ရုရှား စစ်ပွဲကြောင့် အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူသူများပြားလာ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၀

ရုရှား-ယူကရိန်း စစ်ပွဲအတွင်းမှာ အမေရိကန်ထုတ် လက်နက်တွေရဲ့ သက်ရောက်မှုတွေကို မြင်တွေ့လာရတဲ့အတွက် မဟာမိတ်နိုင်ငံတွေက လက်နက်ဝယ်ယူဖို့ တောင်းဆိုမှုတွေ ပိုမိုရရှိလာတယ်လို့ ပင်တဂွန် ကာကွယ်ရေးအရာရှိတွေက မနေ့က ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေက ယူကရိန်းစစ်ပွဲမှာ ရုရှားလက်နက်သိုလောင်ရုံတွေကို အောင်မြင်စွာတိုက်ခိုက်ခဲ့တဲ့ နည်းပညာမြင့်ဒုံးကျည်တွေ အပါအဝင် HIMARS စနစ်တွေကို ဝယ်ယူဖို့ စတင်တောင်းဆိုနေကြပြီလို့ ဆိုပါတယ်။

အမေရိကန်ကာကွယ်ရေးဌာန ရဲ့ လက်ထောက်အတွင်းရေးမှူး Bill LaPlante က ပင်တဂွန်ဟာ ကာကွယ်ရေးစက်မှုလုပ်ငန်း နဲ့ လက်တွဲလုပ်ဆောင်နေပြီး အချို့သောလက်နက်တွေကို အမေရိကန်နဲ့ နိုင်ငံတကာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ထုတ်လုပ်မှုတွေကို တိုးမြင့်လုပ်ဆောင်နေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်က လက်ရှိအချိန်မှာ ယူကရိန်းကို ပေးပို့ထားတဲ့ HIMARS စနစ်တွေကို အစားထိုးဖို့ လိုအပ်နေပြီး ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၃၃ သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။

ပင်တဂွန်စစ်ဌာနချုပ် ရဲ့ အဆိုအရ ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက် နဲ့ စက်ပစ္စည်းတွေကို အစားထိုးဖို့ ပြင်ဆင်ထားပြီး ဒီဖယ်ရှားပစ်မယ့် လက်နက်တွေကို ယူကရိရိန်းကို အမြန်ဆုံး ပို့ဆောင်ဖို့ ပြင်ဆင်ထားတာတယ်လို့ ဆိုပါတယ်။ အဲ့ဒီအထဲက ဒေါ်လာ ၁.၂ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေကို စာချုပ်ချုပ်ဆိုထားပြီလို့ ဆိုပါတယ်။

အခုလနှောင်းပိုင်းမှာ နေတိုးနဲ့ မဟာမိတ်နိုင်ငံတွေက လက်နက်ဝယ်ယူရေး အရာရှိတွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားပြီး လက်နက်ထောက်ပံ့ရေးနဲ့ လိုအပ်တဲ့ ထုတ်လုပ်မှုကို တိုးမြင့်လုပ်ဆောင်ဖို့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

— ကိုးကား —
အေပီ
ref; Allies push for more US weaponry after seeing impact in war-torn Ukraine

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။