Trending Now

ခင်ဦးမြို့နယ်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲဖြစ် ၊ လူ ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Spread the love

ခင်ဦးမြို့နယ်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲဖြစ် ၊ လူ ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

EPN

ခင်ဦး ၊ ဧပြီ ၂

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မင်းဝံဆိပ်ကွက်ကျေးရွာအနီး ဧပြီ ၁ ရက် ၊ မနေ့က ညနေပိုင်း မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်သမားတွေ အကြား တိုက်ပွဲငယ်တခုဖြစ်ပွားခဲ့ရာ လူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ခင်ဦးနယ်တွေဆီက သိရပါတယ်။

” တိုက်ပွဲဖြစ်တာက ညနေ ၅ နာရီဝန်းကျင်မှာဖြစ်တယ် ၊ နာရီဝက်လောက်ကြာတယ် ” လို့ မင်းဝံဆိပ်ကွက်ရွာခံ တစ်ယောက်က ပြောပါတယ် ။

အဲ့ဒီ တိုက်ပွဲငယ်ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ” အကြမ်းဖက် သမား အလောင်း ၃ လောင်း၊ လက်လုပ်စိန်ပြောင်း ၁၂ လက်/ကျည် ၁၅ တောင့်၊ လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံး၊ ယမ်းမှုန့် ၁ ပိဿာခန့်နှင့် ဆိုင်ကယ်မျိုးစုံ ၁၇ စီးတို့အားသိမ်းဆည်းရမိခဲ့ပြီး ညနေ ၆ နာရီခွဲခန့် တွင် အလက(မင်းဝံဆိတ်ကွပ်)သို့ ရောက်ရှိရှင်းလင်းစဉ် လက်လုပ်သေနတ် ၁ လက်၊ ဝရိန်ချောင်း ၃၀၀ ချောင်း၊ ဝရိန်စက် ၁ လုံး၊ သံဖြတ်စက် ၂ လုံး၊ သံဖြတ်ကျောက်ပြား ၅၀ ပြား၊ သေနတ်စပရိန်မျိုးစုံ ၅ ချောင်း၊ ကားစလစ်အိုး ၁ ခု၊ ဖောက်စက် ၂ ခု၊ သံပိုက် လုံး ၂ ချောင်း၊ ဆိုင်ကယ် ၁ စီး၊ လေ့ကျင့်ရေးကွင်း ၁ ကွင်းတို့အား သိမ်းဆည်းရမိတာဖြစ်တယ် ” လို့ ပြောပါတယ် ။

ဒါ့အပြင် သိမ်းဆည်းမိရတဲ့ လေ့ကျင့်ရေးကွင်းနဲ့ ဆိုင်ကယ်တွေကို အကြမ်းဖက်သမားတွေက ပြန်လည်အသုံးပြုလို့ မရအောင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ တိုက်ပွဲငယ်ဖြစ်စဥ်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးတာမရှိဘူးလို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။