Trending Now

ဗန်းမော်မြို့တွင် ကာလတန်ဖိုး သိန်း ၇၀၀ နီးပါး တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့တွင် ကာလတန်ဖိုး သိန်း ၇၀၀ နီးပါး တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

EPN

မြစ်ကြီးနား ၊ မေလ ၉

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သိန်းခုနှစ်ရာတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ယမန်နေ့ည ၄နာရီဝန်းကျင် ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာတံတားအနီး၊ ဗန်းမော်-မန္တလေးသွားကားလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗန်းမော်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာတံတားအနီး၊ ဗန်းမော်-မန္တလေးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မံစီမြို့ဘက်မှ ဗန်းမော်မြို့ဘက်သို့ မြတ်အောင် မောင်းနှင်ပြီး နော်လွမ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၃၅၁၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၀၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မှုးယစ်ဆေးဝါနှင့်ပက်သက်၍ မြတ်အောင်(၂၆)နှစ်နှင့် နော်လွမ်(၂၃)နှစ်တို့အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။