Trending Now

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု ရက် ၆၀၀ ပြည့်ပြီးနောက် နှစ်ဘက်စလုံးက အနိုင်ရနေတယ်လို့ ဆို

Spread the love

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု ရက် ၆၀၀ ပြည့်ပြီးနောက် နှစ်ဘက်စလုံးက အနိုင်ရနေတယ်လို့ ဆို

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၇

ရုရှားရဲ့ ယူကရိန်းကို ထိုးစစ်ဆင်မှု စတင်ခဲ့တာ တနင်္လာနေ့မှာ ရက်ပေါင်း ၆၀၀ ရှိလာပါပြီ။ တိုက်ခိုက်မှုတွေ ပြင်းထန်နေပြီး နှစ်ဘက်စလုံးက စစ်ရေးအရ အသာစီးမှုရနေပြီလို့ ပြောကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင် က ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် ဟာ လုံးဝကျရှုံးခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင်တွေဟာ ခါကိဗ်၊ ဒိုနက်စ် ဒေသနဲ့ တောင်ပိုင်း ဇာဖိုရီဇီယား ဒေသမှာ အခြေအနေတွေ တိုးတက်လာတယ်လို့လည်း ပြောပါတယ်။

တစ်ရက်တည်းမှာပဲ ယူကရိန်းတပ်ဖွဲ့တွေက သူတို့ဟာ ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေတယ်ဆိုတာနဲ့ ရှေ့တန်း စခန်းနေရာတစ်လျှောက်ရှိ ရုရှားတပ်ဖွဲ့တွေဟာ ပင်ပန်းနွမ်းနယ် နေကြပြီလို့ ပြောပါတယ်။

ဒီအတောအတွင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ မာရီယိုပိုးလ် ဆီ ရထားလမ်းသစ် တစ်ခုကို ဖောက်လုပ်နေတယ်ဆိုတာကို တနင်္ဂနွေနေ့က လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

“ရုရှားရဲ့ ကျူးကျော်မှု စဉ်ဆက်မပြတ်စေဖို့ ရထားနဲ့ သယ်ယူပို့ဆောင်ရေးဟာ အရေးပါတယ်”လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။ ရုရှားဟာ ယူကရိန်းထဲ ကျည်ဆံ၊ သံချပ်ကာယာဉ်တွေ၊ လောင်စာတွေနဲ့ လူတွေကို သယ်ဆောင်ဖို့ ရထားလမ်းကွန်ရက်ကို အသုံးပြုတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုထားပါတယ်။

Source: NHK
video – crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။