Trending Now

နိုင်ငံတကာ မဟာမိတ်တွေက Amazon စတိုးမဟုတ်ဘူးလို့ ယူကရိန်းကို ဗြိတိန်ကာကွယ်ရေး ဝန်ကြီးသတိပေး

Spread the love

နိုင်ငံတကာ မဟာမိတ်တွေက Amazon စတိုးမဟုတ်ဘူးလို့ ယူကရိန်းကို ဗြိတိန်ကာကွယ်ရေး ဝန်ကြီးသတိပေး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၃

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင် ဝေါလေ့စ်က နိုင်ငံတကာမဟာမိတ်တွေဟာ Amazon စတိုးဆိုင်မဟုတ်ကြောင်းနဲ့ ယူကရိန်းအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ပံ့မှုအပေါ် ကျေးဇူးတင်ကြောင်းလေးတော့ ပြသသင့်တယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇလန်ဇကီက ယူကရိန်းကို ကူညီထောက်ပံ့ဖို့အတွက် မကြာခဏတောင်းဆိုမှုတွေကြောင့် ဘင် ဝေါလေ့စ်က စိတ်ကွက်ပြီး အခုလိုထုတ်ဖော်ပြောဆိုလိုက်ပုံရပါတယ်။

ဗြိတိန်နိုင်ငံဟာ ရုရှားနဲ့ယူကရိန်းစတင်ကတည်းက ယူကရိန်းကို အခိုင်အမာထောက်ခံတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ယူကရိန်းပေါ် ကူညီထောက်ပံ့မှုတွေကို အများအပြားပေးအပ်ထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ယူကရိန်းက အမေရိကန် လွတ်တော်အမတ်တွေကို စည်းရုံးဖို့လိုကြောင်းနဲ့ ” ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ယူကရိန်းအနေနဲ့ ကျေးဇူးတင်ကြောင်းလေးတော့ ပြသဖို့လိုတယ်”လို့ ဝေါလေ့စ်က ပြောပါတယ်။

လစ်သူယေးနီးယားမှာပြုလုပ်ခဲ့တဲ့ နေတိုးထိပ်သီးအစည်မှာ ယူကရိန်းသမ္မတ ဇလန်ဇကီရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဝေါလေ့စ်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝေါ့လေ့စ်ရဲ့ ရဲ့ မှတ်ချက်ထွက်ပေါ်လာပြီးတဲ့နောက် ဇလန်ဇကီက ယူကရိန်းက မဟာမိတ်အဖွဲ့ထဲကို တရားဝင် ဝင်ရောက်ခွင့်မရှိသေးပေမယ့် အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ လေသံပျော့ပျောင်းစွာနဲ့ ပြောဆိုခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဇလန်ဇကီက ဝေါလေ့စ်ရဲ့ မှတ်ချက်ကို နားမလည်းကြောင်း ပြောကြားခဲ့ပြီး ” ကျွန်တော်တို့ ပြည်သူတွေအတွက် အမြဲအားပေးနေတဲ့ ဗြိတိန်၊ ဝန်ကြီးချုပ်တွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေကို ကျွန်တော်တို့ အမြဲတမ်း ကျေးဇူးတင်ရှိပါတယ်။ “သူဘာကိုဆိုလိုပြီး ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဝန်ကြီးက အထူးတစ်ခုခုကို လိုချင်ပေမယ့် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။””လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ကတော့ ယူကရိန်းသမ္မတ ဇလန်ဇကီရဲ့ သဘောထားကို နားလည်းကြောင်းနဲ့ ယူကရိန်းပြည်သူတွေကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။