Trending Now


Spread the love

 

EPN

မြစ်​ဆုံဆည်​တည်​​ဆောက်​​ပါကဧရာဝတီမြစ်​ကြီး​ရေခမ်း​ခြောက်​သွားမည်​ဟု​ပြောဆိုကန့်​ကွက်​​နေသည်​မှာမြစ်​​ရေ၏သ​ဘောသဘာဝကိုနားမလည်​၍ဖြစ်​သည်​ဟုမြစ်​ကြီးနားမြိုံ့ရှမ်းတိုင်းရင်းသား​ခေါင်း​ဆောင်​တစ်​ဦးက​ဆိုသည်




ချစ်​သား

 
 
မြစ်ရေ၏သဘောသဘာဝကိုနားမလည်၍ မြစ်ဆုံဆည်တည်ဆောက်ခြင်းကိုကန့်ကွက်နေခြင်းသာဖြစ်သည်ဟုဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ – ၁၉

မြစ်ဆုံဆည်တည်ဆောက်ပါကဧရာဝတီမြစ်ကြီးရေခမ်းခြောက်သွားမည်ဟုပြောဆိုကန့်ကွက်နေသည်မှာမြစ်ရေ၏သဘောသဘာဝကိုနားမလည်၍ဖြစ်သည်ဟုမြစ်ကြီးနားမြို့ခံရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးကဆိုသည်။

`ရေဆိုတဲ့အမျိုးဟာကျွန်တော်တို့သဘောပေါက်ထားတာကခွက်တစ်ခုထဲရေထည့်သလိုဘဲပိုလျှံသွားလို့ရှိရင်သည်ရေကပြန်ဖိတ်ကျလာမှာ၊ ဘာမှလျှော့နည်သွားမှုမရှိပါဘူး၊ အခုလူတွေကပြောနေကြတာသည်ရေအားလျှပ်စစ်ထူထောင်လိုက်တဲ့အခါ ဘာတွေဆိုကျိုးသက်ရောက်မယ်၊ ဘာတွေကောင်းကျိုးရမယ်ဆိုပြီး၊ နားမလည်တဲ့သူတွေကဆိုးကျိုးဘက်ကိုဝေဖန်နေတာများပါတယ်၊ ဘာကြောင့်လဲ ရေတွေခမ်းသွားမယ်၊ မြစ်ရေစီးကြောင်းပြောင်းလဲသွားမယ်ဆိုပြီး၊ ကျွန်တော်တွက်ပါတယ် တစ်နွေ၊ တစ်ရာသီလောက်ပါဘဲ သည်ရေတွေပြည့်သွားရင် ခွက်ထဲရေထည့်သလိုပြန်လျှံလာမှာဘဲ။သည်မြစ်ရဲ့သူ့နဂိုမူလစီးဆင်းတဲ့အတိုင်းစီးဆင်းသွားမှာဘဲ´´ဟု မြစ်ကြီးနားမြို့ခံ ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဦးစိုင်းထွန်းရင်ကပြောသည်။

“လူ့ဘဝရဲ့ကောင်းကျိုးထဲမှာလျှပ်စစ်နဲ့ရေကမရှိမဖြစ်ဘဲကျွန်တော်တို့ရှမ်းတွေဟာမြစ်ရိုးတစ်လျှောက်မှာနေတာများတယ်ရေကိုလည်းအားကိုးရပါတယ်၊ နောက်ပြီးမှခုခေတ်စနစ်ကပြောင်းလဲလာတဲ့အခါလျှပ်စစ်အားကိုလည်းသုံးစွဲနေရပါတယ်၊ ဟိုနားမလည်ဘုမသိပမသိလိုက်ပြီးကန့်ကွက်နေတဲ့သူတွေက သူတို့ကကုန်းပိုင်းမှာနေတဲ့သူတွေ ၊ ကန့်ကွက်မယ်ဆိုကျွန်တော်တို့ကသူတို့ထက်ပိုပြီးကန့်ကွက်သင့်တယ်၊အခုကနိုင်ငံတကာရဲ့အခြေအနေနဲ့အမှီသွားနေတော့၊ သည်မှာကအပူအအေးဒဏ်တွေလဲဖောက်ပြန်ကုန်ပြီ၊ ရာသီဥတုဖောက်ပြန်ကုန်ပြီ၊ဘာကြောင့်လဲ တောတောင်တွေမှာထင်တွေခုတ်လောင်စာတွေအဖြစ်အသုံးပြုလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရောလဲထိခိုက်သွားတာပေါ့၊ တကယ်လို့သည်လျှပ်စစ်မီးတာရခဲ့မယ်ဆို ဟိုထင်းအစား၊ လောင်စာဆီတွေအစားထိုးပြီးအသုံးပြုသွားမယ်ဆိုရင်လူ့ဘဝအဆင့်အတန်းလဲမြင့်တက်လာမယ်´´ဟု၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်းတွင်၂၀၁၉ခုနှစ်ဖေဖော်ဝါရီ(၇)ရက်နေ့ကမြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းလုံဝရပ်ဆိုင်းရေးအတွက်ဆန္ဒဖော်ထုတ်ခဲ့ရာတွင်လာရောက်ပါဝင်သူကမြစ်ဆုံဆည်တည်ဆောက်လျှင်ဧရာဝတီမြစ်ကြီးရေခမ်းခြောက်သွားမည်ဟုဆိုသည်။

ချစ်သား
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။