Trending Now

ပူတာအိုခရိုင်အတွင်းက အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ ၇၀ နီးပါးကို မြစ်ကြီးနားသို့ တပ်မတော် လေကြောင်းလိုင်းဖြင့် အခမဲ့ ပို့ဆောင်ပေး

Spread the love

ပူတာအိုခရိုင်အတွင်းက အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ ၇၀ နီးပါးကို မြစ်ကြီးနားသို့ တပ်မတော် လေကြောင်းလိုင်းဖြင့် အခမဲ့ ပို့ဆောင်ပေး

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၁ (၂၀၂၃)

ပူတာအိုခရိုင်အတွင်းမှ မြစ်ကြီးနားတွင် အဝေးသင် တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ ၇၀နီးပါးကို သွားလာမှုအဆင်ပြေစေရန် ယမန်နေ့က တပ်မတော် လေကြောင်းလိုင်းဖြင့် အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းတွင် သွားလာမှု အခက်အခဲဖြစ်နေသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ယမန်နေ့က တပ်မတော်လေကြောင်းလိုင်းဖြင့် ကျောင်းသား၊ ကျောင်းသူ ၇၀နီးပါးကို အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း ပူတာအိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပူတာအိုခရိုင်အတွင်းက အဝေးသင်တက္ကသိုလ် တက်ရောက်ကြမယ့် ကျောင်းသား၊ ကျောင်းသူများကို မနေ့က တပ်မတော်လေကြောင်းလိုင်းနဲ့ မြစ်ကြီးနားကို ပို့ဆောင်ပေးခဲ့တယ်။ ကျန်ရှိနေသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဆက်လက်ပို့ဆောင်ပေးဖို့ တင်ပြထားတယ်တယ်” ဟု ၎င်းက ဆိုသည်။

ပူတာအိုခရိုင်အတွင်းမှ မြစ်ကြီးနား တက္ကသိုလ်တွင် အဝေးသင် တက္ကသိုလ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကားလမ်းခရီးတွင် သွားလာမှု အခက်အခဲရှိနေသည့် အတွက် တပ်မတော်လေကြောင်းလိုင်းဖြင့် အခမဲ့ ပို့ဆောင်ပေးသည့်အတွက် အထူး ကျေးဇူးတင်ရှိကြောင်း ပူတာအိုမြို့မှ ကျောင်းသား မိဘတစ်ဦးက ပြောဆိုသည်။

“အခုလို စီးပွားရေး ခက်ခဲနေတဲ့အချိန်မှာ ပူတာအိုကနေ မြစ်ကြီးနားကိုသွားဖို့ အတွက် တပ်မတော်လေကြောင်းလိုင်းနဲ့ အခမဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပို့ဆောင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ သွားစရိတ် သက်သာတာပေါ့ ကျောင်းသွားတက်တာဆိုတော့ ပိုက်ဆံကို ရှာကြံပေးလိုက်ရတာ အားလုံးက အဆင်ပြေကြတာ မဟုတ်ဘူးလေ။ ပညာရေး ဆိုတော့လည်း ရှာကြံပေးရတာပေါ့ ” ဟု ယင်းက ရှင်းပြသည်။

ပြီးခဲ့သည့် လပိုင်းမှစ၍ KIA လက်နက်ကိုင်အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများ၊ ခရီးသွားပြည်သူများကို ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းတွင် လူသစ်ဆွဲခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်နေခြင်းများရှိ နေ၍ ပူတာအိုခရိုင်အတွင်းမှ မြစ်ကြီးနားသို့ အဝေးသင် တက္ကသိုလ်တက္မည့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှု အဆင်မပြေသည့်အတွက် တစ်ပတ် တစ်ကြိမ်ပြေးဆွဲနေသည့် လေကြောင်းလိုင်း ထပ်မံတိုးချဲ့ပေးရန် သက်ဆိုင်ရာဌာန သို့ အကြောင်းကြားခဲ့ခြင်းကြောင့် တပ်မတော်မှ ကျောင်းသား၊ ကျောင်းသူ ၇၀နီးပါးကို တပ်မတော်လေကြောင်းလိုင်းဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သွားလာရေး အခက်အခဲ ဖြစ်နေသည့် ကျောင်းသား၊ ကျောင်းသူ များအတွက် မြစ်ကြီးနား-ပူတာအို လေးကြောင်းလိုင်းများ ထပ်မံတိုးချဲ့ပြေးဆွဲပေးရန် တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့နှင့် ညှိုနှိုင်းပြီး စက်တင်ဘာလ နောက်ဆုံးအပတ်က တင်ပြ တောင်းဆိုထားကြောင်း သိရသည်။

ယင်းသို့ တင်ပြခဲ့ရာကို ယမန်နေ့က ကျောင်းသား၊ ကျောင်းသူများအတွက် တပ်မတော်လေကြောင်းလိုင်းဖြင့် ကျောင်းသား၊ ကျောင်းသူ (၇၀) နီးပါးကို ပို့ဆောင်ပေးခဲ့ပြီး မြစ်ကြီးနားတွင် အဝေးသင်တက္ကသိုလ် ဆက်လက် တက်ရောက်ရန်ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးခန့်ကိုလည်း ယခုကဲ့သို့ အခမဲ့ ကူညီပေးစေလိုကြောင်း ကျောင်းသား၊ မိဘများက လိုလားနေကြသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။