Trending Now

အာဖဂန်နစ္စတန်မှာ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၂၄၀၀ ကျော်အထိရှိလာ

Spread the love

အာဖဂန်နစ္စတန်မှာ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၂၄၀၀ ကျော်အထိရှိလာ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၉

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်နဲ့ အနီးနားက ပြည်နယ်တွေမှာ အောက်တိုဘာ ၇ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေ ၂,၄၄၅ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဟီရတ်အာဏာပိုင်တွေက တနင်္ဂနွေနေ့ညပိုင်းက ပြောကြားခဲ့ပါတယ်။

ထိခိုက်မှုအရှိဆုံးဧရိယာဟာ ရွာပေါင်း ၁၃ ရွာ လုံးလုံးလျားလားပျက်စီးသွားခဲ့ရတဲ့ ဟီရတ်ပြည်နယ် ဇန်းဒါဂျန် ခရိုင်ဖြစ်တယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ ဒါရိုက်တာ မော်လဝီ မူဆာအာဆာရီက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုအတွင်း လူပေါင်း ၉၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မူလာဂျာနန်က တနင်္ဂနွေနေ့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ စနေနေ့က ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း China Earthquake Networks Center က ပြောကြားခဲ့ပြီး ပထမဆုံးငလျင်ဟာ ဒေသစံတော်ချိန် ၁၁ နာရီက ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။