Trending Now

မုံးဝန်းတိုင်းရင်းသားခေါင်းဆောင် ရဟန်းဒါယကာကြီး ဦးအောင်ရင် မိသားစုမှ မြတ်စေတနာ လူမှုကူညီရေးအသင်းသို့ အလှူငွေပေးအပ်လှူဒါန်း

Spread the love

မုံးဝန်းတိုင်းရင်းသားခေါင်းဆောင် ရဟန်းဒါယကာကြီး ဦးအောင်ရင် မိသားစုမှ မြတ်စေတနာ လူမှုကူညီရေးအသင်းသို့ အလှူငွေပေးအပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးဝန်းဒေသမှ မုံးဝန်းတိုင်းရင်းသားခေါင်းဆောင် ရဟန်းဒါယကာကြီး ဦးအောင်ရင် မိသားစုမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ မြတ်စေတနာ လူမှုကူညီရေးအသင်းသို့ အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် တိုင်းရင်းသားခေါင်းဆောင် ရဟန်းဒါယကာကြီး ဦးအောင်ရင်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၉ ရက်နေ့က မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ ခရမ်းဘုန်းတော်ကြီးကျောင်းတိုက်တွင် မြတ်စေတနာ လူမှုကူညီရေးအသင်းဝင်များကို တွေ့ဆုံ အားပေးစကားပြောကြားကာ အသင်းအတွက် လိုအပ်သည်များ အသုံးပြုနိုင်ရရန် အလှူငွေ ကျပ်နှစ်သိန်း တိတိ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

“ခရမ်းကျောင်းတိုက်က နယ်လှည့်သာသနာပြုဆရာတော် ဘုန်းဘုန်းဓမ္မသာရရဲ့ မိတ်ဆက်ပေးမှုနဲ့ မြစ်ကြီးနားကို အလည်အပတ်လာကြတဲ့ မုံးဝင်းဒေသက ခေါင်းဆောင်ကြီး ဦးအောင်ရင်နဲ့ မနေ့က ဆုံတွေ့ခွင့် ရခဲ့ပါတယ်၊ ဥက္ကဌကြီးက ကြုံတုန်းဆုံတုန်း ကျွန်မတို့ အသင်းကို အားပေးစကားပြောကြားပြီး အသင်းရဲ့ လူမှုကူညီရေး လုပ်ငန်း ဆောင်တာအတွက် လိုအပ်တာ သုံးနိုင်ဖို့အတွက် အလှူငွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်၊ အခုလိုလှူဒါန်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်” ဟု မြတ်စေတနာ အသင်းသား တစ်ဦးက ပြောပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးဝန်းဒေသမှ မုံးဝန်း တိုင်းရင်းသားခေါင်းဆောင် ရဟန်းဒါယကာကြီး ဦးအောင်ရင်နှင့် ရဟန်းဒါယိကာမကြီး ဒေါ်မြမြဝင်း (မုံးဝန်းဒေသ မိခင်နှင့် ကလေး ဥက္ကဌ) မိသားစုတို့သည် ဇန်နဝါရီလ၉ ရက်နေ့ နံနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပမ္မတီး ရပ်ကွက်ရှိ ခရမ်းကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျက်ရှိသည့် ခရမ်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါယမ နှင့် နယ်လှည့်သာသနာပြုဆရာတော် အရှင်ဓမ္မသာရ (သဒ္ဒမ္မဇောတိကဓဇ) ဆရာတော် တို့ နှစ်ပါးအား ဥပသမ္ပဒ ကံဆောင်ခြင်း နှစ်ဦးကံထပ်အလှူတော်မင်္ဂလာပွဲ ချီးမြှင့် ကျင်းပ‌ပေးခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။