Trending Now

တတိယမြောက်ရင်သွေးလေး အောင်မြင်စွာဖွေးဖွားခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ အောင်လအန်ဆန်း

Spread the love

တတိယမြောက်ရင်သွေးလေး အောင်မြင်စွာဖွေးဖွားခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ အောင်လအန်ဆန်း

EPN
မြစ်ကြီးနား၊ သြဂုတ် ၁

MMA Fighter တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်းက ယမန်နေ့ကပဲ တတိယမြောက်ရင်သွေးလေးကို အောင်မြင်စွာဖွေးဖွားခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နာကနေ တဆင့် အသိပေးလာခဲ့ပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ N Sang Simsa Naw လို့ အမည်ပေးထားတဲ့ သားလေးကို ဒီနေ့ ဇူလိုင်လ (၃၁)ရက်နေ့မှာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ အလေးချိန် (၈)ပေါင်နဲ့(၄)အောင်စရှိကြောင်း ရေးသားမျှဝေခဲ့ပါတယ်။

Simsa ဆိုတဲ့ အဓိပ္ပာယ်ဟာ ကချင်မှာ ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ရပြီး ကမ္ဘာကြီးက ငြိမ်းချမ်းရေးကို ပိုလိုလားနေတယ်လို့လည်း ရေးသားထားခဲ့ပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။