Trending Now

ရွှေကျင်ရန်မြေစာတူးဖော်စဉ် ကမ်းပါးမြေစာပြိုကျ၍ အမျိုးသားတစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံး

Spread the love

ရွှေကျင်ရန်မြေစာတူးဖော်စဉ် ကမ်းပါးမြေစာပြိုကျ၍ အမျိုးသားတစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံး 



EPN
မော်လူး၊ မေ ၇

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပင်ဝဲကျေးရွာနှင့် (၂)မိုင်ခန့်အကွာ သဲချောင်းကမ်းပါးတွင် ရွှေကျင်ရန် မြေစာတူးရာမှကမ်းပါးပြိုကျသဖြင့် အမျိုးသားတစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၂၆နှစ်အရွယ် ပင်ဝဲကျေးရွာနေ မင်းအောင်(ခ) ရန်အောင် ဆိုသူဖြစ်ပြီး ၄င်းသည် မေလ(၆)ရက်နေ့၊ နေ့လယ် (၁၁) နာရီခွဲ အချိန်ခန့်တွင် အင်းတော်မြို့နယ် ပင်ဝဲကျေးရွာ၏ အနောက်ဖက် (၂) မိုင်ခန့် အကွာ သဲချောင်းတွင် အမြင့်(၉) ပေခန့် ရှိသော ချောင်းကမ်းပါးအောက်ခြေ၌ ရွှေကျင်ရန် ချောင်းကမ်းပါးတွင် သံတူရွင်းဖြင့် မြေဇာတူးနေရာမှ ကမ်းပါးပြိုကျ၍ မြေစာပုံပိမိပြီး သေဆုံးခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ဒုရဲအုပ်ဝင်းကိုနှင့်တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ကြရာ မင်း‌‌အောင်၏ ယာဘက်ပါးတွင် ညိုမဲဒဏ်ရာ (၁)ချက်၊ နောက်ကျောတွင်ညိုမဲ ဒဏ်ရာ (၁)ချက်၊ ရင်ဘတ်ညာဘက်ခြမ်း ညိုမဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေရှိရသဖြင့် ရဲဆေးစာ နှင့်အတူ မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။

ထို့ကြောင့် မင်းအောင်(ခ)ရန်အောင် (၂၆)နှစ်‌ သေဆုံးမှုအား မော်လူးနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/၂၀၂၀ ရေးဖွင့် ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။