Trending Now

မုယင္းစပါးစိုက္ လယ္ေျမ ဧက ၇၀ သဲဖုံးလႊမ္း၍ ေဒသခံလယ္သမားမ်ား အခက္ၾကံဳေတြ႕ေန

Spread the love

မုယင္းစပါးစိုက္ လယ္ေျမ ဧက ၇၀ သဲဖုံးလႊမ္း၍ ေဒသခံလယ္သမားမ်ား အခက္ၾကံဳေတြ႕ေန
EPN
ဗန္ေမာ္၊ ေမ ၇ 
ဗန္းေမာ္ၿမိဳ႕နယ္၊ သဖန္းပင္ေက်းရြာအပိုင္ ဧရာ၀တီျမစ္အေရွ႕ဘက္ကမ္းရွိ မုယင္းစပါးစိုက္ လယ္ေျမ ဧက ၇၀ သဲဖုံးလႊမ္းျခင္းခံရျခင္းေၾကာင့္ ေဒသခံလယ္သမားမ်ား အခက္ၾကံဳေတြ႕ေနရေၾကာင္း သိရသည္။ 
လြန္ခ့ဲေသာ ၉ ႏွစ္ ခန္႕ကတည္းက ယေန႕ထိ ဧရာဝတီျမစ္အတြင္း ေရႊက်င္လုပ္ငန္းမ်ား လုပ္ကိုင္ခ့ဲမႈေၾကာင့္ ကခ်င္ျပည္နယ္ ဗန္းေမာ္ျမိဳ ့နယ္ သဖန္းပင္ေက်းရြာရွိ မုယင္းစပါးစိုက္ လယ္ဧက ၇၀ ခန္ ့မွာ သဲမ်ားဖုံး လႊမ္းမွဳ ဒဏ္ခံခဲ့ရျပီး ၄င္းစိုက္ပ်ိဳးေျမမ်ား ယေန ့တိုင္ပ်က္စီးၿပီး စိုက္ပ်ိဳး၍ မရေသာေၾကာင့္ ေဒသခံလယ္သမားမ်ား အခက္ေတြ႕ေနရေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။ 
“၂၀၁၀ ခုႏွစ္ေလာက္ကေန  ျမစ္အတြင္းမွာ ေရႊက်င္လုပ္ငန္းေတြ လုပ္ကိုင္ခ့ဲတဲ့အတြက္ ရြာအနီးက မုယင္းစပါးစိုက္ လယ္ဧက ၇၀ ခန္႔ သဲမ်ား ဖုံးလႊမ္းျခင္းခံရလို႕ လယ္ေျမေတြပ်က္စီးခ့ဲပါတယ္။ ဒီေန႔ထိ သဲေတြဖံုးလႊမ္းေနလို႕ စိုက္ပ်ိဳးႏိုင္ျခင္းမရွိပဲ ေဒသခံေတြ အခက္အခဲျဖစ္ေနတယ္”ဟု သဖန္းပင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းပို က ေျပာသည္။ 
ဗန္ေမာ္ၿမိဳ႕နယ္ရွိ သဖန္းပင္ေက်းရြာႏွင့္ ငွက္ေပ်ာ္ေတာေက်းရြာမ်ားမွာ ဧရာဝတီျမစ္အေရွ႕ဘက္ကမ္းတြင္ တည္ရွိၿပီး ျမစ္ေရက်ဆင္း၍ ေရနည္းပါးသည့္အခါမ်ားတြင္ မုယင္းစပါးစိုက္ပ်ိဳးၾကေလ့ရွိေၾကာင္း ေဒသခံမ်ား ထံမွ သိရသည္။ 
“သဲဖံုးၿပီးကတည္းက စပါးလည္းစိုက္မရဘူး၊ ေျမေထာက္ပဲလည္း စိုက္မရေတာ့ဘူး ဘာအပင္စိုက္စိုက္ကို မေပါက္ဘူး ျမက္ပင္ပဲေပါက္တယ္”ဟု သဖန္းပင္ေက်းရြာမွ လယ္သမားတစ္ဦးက ေျပာသည္။
ယင္းသို႔ သဲဖံုးလႊမ္းမႈမ်ားေၾကာင့္ စိုက္ပ်ိဳးေျမအခက္အခဲျဖစ္ေပၚေနမႈအေပၚ တာဝန္ရွိသူမ်ားအေနျဖင့္ လာေရာက္ ကြင္းဆင္းေလ့လာၿပီး အျခားေျမေနရာ ပံပိုးကူညီရန္ ေဒသခံမ်ားမွ လိုလားလ်က္ရွိေၾကာင္း သိရသည္။ 
ဗန္ေမာ္သုခမိန္
———————————————————–

မုယင်းစပါးစိုက် လယ်မြေ ဧက ၇၀ သဲဖုံးလွှမ်း၍ ဒေသခံလယ်သမားများ အခက်ကြုံတွေ့နေ
EPN

ဗန်မော်၊ မေ ၇

ဗန်းမော်မြို့နယ်၊ သဖန်းပင်ကျေးရွာအပိုင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မုယင်းစပါးစိုက် လယ်မြေ ဧက ၇၀ သဲဖုံးလွှမ်းခြင်းခံရခြင်းကြောင့် ဒေသခံလယ်သမားများ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

လွန်ခဲ့သော ၉ နှစ် ခန့်ကတည်းက ယနေ့ထိ ဧရာဝတီမြစ်အတွင်း ရွှေကျင်လုပ်ငန်းများ လုပ်ကိုင်ခဲ့မှုကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် သဖန်းပင်ကျေးရွာရှိ မုယင်းစပါးစိုက် လယ်ဧက ၇၀ ခန့်မှာ သဲများဖုံး လွှမ်းမှု ဒဏ်ခံခဲ့ရပြီး ၎င်းစိုက်ပျိုးမြေများ ယနေ့တိုင်ပျက်စီးပြီး စိုက်ပျိုး၍ မရသောကြောင့် ဒေသခံလယ်သမားများ အခက်တွေ့နေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“၂၀၁၀ ခုနှစ်လောက်ကနေ  မြစ်အတွင်းမှာ ရွှေကျင်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့အတွက် ရွာအနီးက မုယင်းစပါးစိုက် လယ်ဧက ၇၀ ခန့် သဲများ ဖုံးလွှမ်းခြင်းခံရလို့ လယ်မြေတွေပျက်စီးခဲ့ပါတယ်။ ဒီနေ့ထိ သဲတွေဖုံးလွှမ်းနေလို့ စိုက်ပျိုးနိုင်ခြင်းမရှိပဲ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်”ဟု သဖန်းပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းပို က ပြောသည်။

ဗန်မော်မြို့နယ်ရှိ သဖန်းပင်ကျေးရွာနှင့် ငှက်ပျော်တောကျေးရွာများမှာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး မြစ်ရေကျဆင်း၍ ရေနည်းပါးသည့်အခါများတွင် မုယင်းစပါးစိုက်ပျိုးကြလေ့ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

“သဲဖုံးပြီးကတည်းက စပါးလည်းစိုက်မရဘူး၊ မြေထောက်ပဲလည်း စိုက်မရတော့ဘူး ဘာအပင်စိုက်စိုက်ကို မပေါက်ဘူး မြက်ပင်ပဲပေါက်တယ်”ဟု သဖန်းပင်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

ယင်းသို့ သဲဖုံးလွှမ်းမှုများကြောင့် စိုက်ပျိုးမြေအခက်အခဲဖြစ်ပေါ်နေမှုအပေါ် တာဝန်ရှိသူများအနေဖြင့် လာရောက် ကွင်းဆင်းလေ့လာပြီး အခြားမြေနေရာ ပံပိုးကူညီရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရသည်။

ဗန်မော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။