Trending Now

ဝိုင်းမော်မြို့နယ်တွင် ကျပ်ငွေ သိန်းသုံးရာနီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ဝိုင်းမော်မြို့နယ်တွင် ကျပ်ငွေ သိန်းသုံးရာနီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ကျေးရွာတွင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေ သိန်း သုံးရာနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ဝိုင်းမော်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖဝါရီ ၂ ရက်နေ့က ဝါးရှောင်ကျေးရွာရှိ (၁၃)ကီလို ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေစဉ် ကျော်ဟိန်း မောင်းနှင်ပြီး ဒေါ်ကော့ရာ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၂၈၅ သိန်း) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ကျော်ဟိန်း(ခ) မာလ(၂၄)နှစ် နှင့် ဒေါ်ကော့ရာ (၅၂)နှစ်တို့အား ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။