Trending Now

အိန္ဒိယသည် လျှပ်စစ်မော်တော်ယာဉ်အသုံးပြုသည့် နိုင်ငံအဖြစ်ပြောင်းလည်းနေပြီဟု ဝန်ကြီးချုပ်မိုဒီပြော

Spread the love

အိန္ဒိယသည် လျှပ်စစ်မော်တော်ယာဉ်အသုံးပြုသည့် နိုင်ငံအဖြစ်ပြောင်းလည်းနေပြီဟု ဝန်ကြီးချုပ်မိုဒီပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၉

အိန္ဒိယသည် ဆူညံသံမရှိသော လျှစ်စစ် မော်တော်ယာဉ်အသုံးပြုသည့် နိုင်ငံအဖြစ်ပြောင်းလည်းနေသည်ကို မျက်မြင်တွေ့နေရကြောင်း ယမန်နေ့က အိန္ဒိယတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆူဇူကီး နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။

အီး-မော်တော်ကား ဈေးကွက်သည် အိန္ဒိယနိုင်ငံအတွင်း အရှိန်အဟုန်ဖြင့် ချဲ့ထွင်နေပြီး စက်မှုတော်လှန်ရေး အခြေခံအုပ်မြစ်အား လွန်ခဲ့သည့် ရှစ်နှစ်အတွင်းက စတင် ချမှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“ဒီတော်လှန်ရေးဟာ အင်ဂျင်နီယာ ညီအစ်ကို မောင်နှမများသာမက နိုင်ငံတစ်ခုလုံးနဲ့ပါ သက်ဆိုင်ပါတယ် ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ အီး-မော်တော်ယာဉ်တွေရဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေပါတယ်” ဟု မိုဒီက ပြောသည်။

ယနေ့ခေတ် အိန္ဒိယပြည်သူများသည် အီး-မော်တော်ယာဉ်များအား သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန် အဓိကနည်းလမ်းတစ်ခုအဖြစ် လက်ခံနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ကထည့်သွင်းပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပဲ အိန္ဒိယ၏ ဂူဂျာရတ်ပြည်နယ်သည် နိုင်ငံအတွင်းသာမက ကမ္ဘာ့ပေါ်တွင် ထိပ်တန်းမော်တော်ကားထုတ်လုပ်ရေး အချက်အချာနေရာတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Source – xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။