Trending Now

တီဘီေရာဂါအသိပညာေပးေဟာေျပာျခင္းႏွင့္ အခမဲ့ စမ္းသပ္စစ္ေဆး ကုသေပးျခင္း

Spread the love

တီဘီေရာဂါအသိပညာေပးေဟာေျပာျခင္းႏွင့္ အခမဲ့ စမ္းသပ္စစ္ေဆး ကုသေပးျခင္း

EPN
ဗန္းေမာ္၊ မတ္ ၁၄ 

ကခ်င္ျပည္နယ္ တီဘီေရာဂါတိုက္ဖ်က္ေရးဌာန၊ နယ္လွည့္အခမ့ဲ တီဘီေရာဂါ ရွာေဖြကုသေပးေရး အဖဲြ ့ေခါင္းေဆာင္ ေဒါက္တာေအာင္မ်ိဳးဦးႏွင့္အဖြဲ႕သည္ မတ္လ ၁၃ ရက္ေန႕၊ နံနက္ ၉း၃၀ အခ်ိန္မွ မြန္းလြဲ ၂း၃၀ အခ်ိန္အထိ ဗန္းေမာ္ၿမိဳ႕၊ ဟန္းတဲရပ္ကြက္ရွိ ႐ိုးႀကီးရြာမ ဘုန္းေတာ္ႀကီးေက်ာင္းတိုက္တြင္ ျပည္သူမ်ားႏွင့္ ေတြ႕ဆံု၍ တီဘီေရာဂါႏွင့္ပတ္သက္၍ အသိပညာေပးေဟာေျပာခဲ့ၾကသည္။

ေဟာေျပာပြဲအၿပီး တက္ေရာက္လာၾကသည့္ ျပည္သူမ်ားအား တီဘီေရာဂါ ရွိ၊ မရွိ ဓါတ္မွန္႐ိုက္ စမ္းသပ္စစ္ေဆး အခမဲ့ ေဆးကုသေပးခဲ့ၾကရာ ျပည္သူ ၁၈၇ ဦးအား စမ္းသပ္စစ္ေဆးေပးႏိုင္ခဲ့သည္။

တီဘီေရာဂါ လူနာ ၄ ဦးကို အခမဲ့ ေဆးကုသေပးၿပီး ေဆး၀ါးမ်ား ေပးအပ္ခဲ့သည့္အျပင္ အေထြေထြေရာဂါ လူနာ ၄၃ဦးတို႕အား သလိတ္ႏွင့္ ဆီးခ််ိဳေသြးခ်ိဳ အခမဲ့ စမ္းသပ္စစ္ေဆးကုသေပးကာ ေဆး၀ါးမ်ား ေပးအပ္ခဲ့ေၾကာင္းသိရသည္။

ဗန္းေမာ္သုခမိန္

————————————————–


တီဘီရောဂါအသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးခြင်း

EPN

ဗန်းမော်၊ မတ် ၁၄

ကချင်ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ နယ်လှည့်အခမဲ့ တီဘီရောဂါ ရှာဖွေကုသပေးရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မျိုးဦးနှင့်အဖွဲ့သည် မတ်လ ၁၃ ရက်နေ့၊ နံနက် ၉း၃၀ အချိန်မှ မွန်းလွဲ ၂း၃၀ အချိန်အထိ ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ ရိုးကြီးရွာမ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ပြည်သူများနှင့် တွေ့ဆုံ၍ တီဘီရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီး တက်ရောက်လာကြသည့် ပြည်သူများအား တီဘီရောဂါ ရှိ၊ မရှိ ဓါတ်မှန်ရိုက် စမ်းသပ်စစ်ဆေး အခမဲ့ ဆေးကုသပေးခဲ့ကြရာ ပြည်သူ ၁၈၇ ဦးအား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သည်။

တီဘီရောဂါ လူနာ ၄ ဦးကို အခမဲ့ ဆေးကုသပေးပြီး ဆေးဝါးများ ပေးအပ်ခဲ့သည့်အပြင် အထွေထွေရောဂါ လူနာ ၄၃ဦးတို့အား သလိတ်နှင့် ဆီးချျိုသွေးချို အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးကာ ဆေးဝါးများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဗန်းမော်သုခမိန်
 



Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။