Trending Now

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် ရုရှားကိုသွားရောက်လည်ပတ်ဖို့ စီစဉ်နေကြောင်း အမေရိကန်ပြော

Spread the love

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် ရုရှားကိုသွားရောက်လည်ပတ်ဖို့ စီစဉ်နေကြောင်း အမေရိကန်ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ အခုလအတွင်း ရုရှားနိုင်ငံကို သွားရောက်လည်ပတ်ပြီး သမ္မတ ဗလာဒီမာပူတင်နဲ့ လက်နက်အရောင်းအဝယ်ကိစ္စ ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်မီဒီယာတွေမှာရေး သားဖော်ပြထားပါတယ်။

ယူကရိန်းစစ်ပွဲဖြစ်ပွားနေတဲ့အတွက် ရုရှားနိုင်ငံရဲ့လက်နက်တိုက်မှာ လက်နက်တွေပြုန်းတီးလာတာကြောင့် ကင်ဂျုံအန်က အခုလိုသွားရောက်ဆွေးနွေးဖို့ စီစဉ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ကနေ ရုရှားနိုင်ငံအရှေ့ဖျားက ဗလာဒီဗော့စတော့မြို့ကို သံ ချပ်ကာရထားနဲ့ သွားရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ စက်တင်ဘာလ ၁၀ ရက်က နေ ၁၃ ရက်နေ့အထိ ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်နေစဉ်အတွင်း တွေ့ဆုံကြနိုင်တယ်လို့ ခန့်မှန်းထားကြောင်း အမေရိကန်အရာရှိတွေကိုကိုးကားပြီး The New York Times က ရေးသားထားပါတယ်။

ကင်ဂျုံအန်ဟာ ရုရှားပစိဖိတ်ရေတပ်က သင်္ဘောတွေ လွန်းတင်တဲ့ Pier 33 ကိုလည်း သွားရောက်လည်ပတ်ဖို့ စီစဉ်ထားကြောင်း ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး အမေရိကန်အရာရှိတွေကပြောပါတယ်။

ရုရှားနိုင်ငံက မြောက်ကိုရီးယားကို အဆင့်မြင့် ဂြိုဟ်တုနည်းပညာတွေနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ် သင်္ဘောတွေထောက်ပံ့နိုင်သလို ကင်ဂျုံအန်အနေနဲ့လည်း အမြောက်ကျည်တွေနဲ့ တင့်ဖျက်ဒုံးကျည်တွေ ရုရှား နိုင်ငံကို ရောင်းချပေးဖို့ သဘောတူလိမ့်မယ်လို့ ဗလာဒီမာပူတင်က မျှော်လင့်ထားကြောင်း အမေရိကန်အရာရှိ တွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ် ၁၉ ကပ်ရောဂါဘေးကာလကနေ ရုန်းထွက်နေရတဲ့အတွက် ကင်ဂျုံအန်အနေ နဲ့ စားနပ်ရိက္ခာအကူအညီတွေရဖို့လည်း ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး အတည်ပြုဖို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီက ငြင်းဆိုခဲ့ပေမဲ့ ကင်ဂျုံ အန်ဟာ ရုရှားနိုင်ငံမှာ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ လူသိရှင်ကြား သတိပေးထားခဲ့သလိုပဲ ရုရှားနဲ့ ဒီမိုကရက်တစ်ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ (DPRK) ကြားမှာ လက်နက်ရောင်းဝယ်ရေးကိစ္စညှိနှိုင်းမှုတွေ ပိုမိုဆောင်ရွက်လာပြီဖြစ်ပါတယ်။” လို့ အမျိုးသား လုံခြုံရေး ကောင်စီပြောခွင့်ရပုဂ္ဂိုလ် အန်းဒရီးနီးဝက်ဆန်က မြောက်ကိုရီးယားနိုင်ငံရဲ့ တရားဝင်နာမည်ကိုသုံးစွဲ ပြီး ပြော ဆိုခဲ့ပါတယ်။

“ဒီဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့နဲ့ ရုရှားနိုင်ငံမှာ ခေါင်းဆောင်အဆင့် သံတမန်တွေပါဝင်လာဖို့ ကင်ဂျုံ အန်က မျှော်လင့်ထားတယ်လို့ ကျွန်မတို့ သတင်းတွေရရှိထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဆာဂျီရှိုင်ဂူ မကြာသေးခင်က မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံအ တွက် အမြောက်ကျည်တွေရောင်းချပေးဖို့ ပြုံယမ်းအစိုးရကို ပြောကြားခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံ ရေးကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။

Ref: U.S. says North Korea’s Kim expects to meet Putin for arms deal

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။