Trending Now

အိန္ဒိယနိုင်ငံမှာ မုတ်သုံလေပြင်းထန်မှုကြောင့် သေဆုံးသူ ၆၆ ဦးအထိ ရှိလာ

Spread the love

အိန္ဒိယနိုင်ငံမှာ မုတ်သုံလေပြင်းထန်မှုကြောင့် သေဆုံးသူ ၆၆ ဦးအထိ ရှိလာ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၃

အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၆၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားခရီးသွားတွေလည်း ဟိမဝန္တာတောင်တန်တွေပေါ်မှာ သောင်တင်နေခဲ့ပြီး ရုရှားနိုင်ငံသား ၁၄ ဦး နဲ့ မလေးရှားနိုင်ငံသား ၁၂ ဦး အပါအဝင် နိုင်ငံခြားသားခရီးသည် ၄၀ ကို ကူညီဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ စေလွတ်ထားတယ်လို့ သိရပါတယ်။

“နှင်းထူထပ်ပြီး ဆိုးရွားတဲ့ ရာသီဥတုကြောင့် သူတို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အလွန်ခက်ခဲပါတယ်” လို့ ဟီမာချယ်ပါရာဒေ့ရှ် ပြည်နယ်ဝန်ကြီးချုပ် ဆူခွင်ဒါက ပြောကြားခဲ့ပါတယ်။

ရေးကြီးခြင်းနဲ့ မြေပြိုခြင်းတွေဖြစ်ပေါ်လေ့ရှိတဲ့ အိန္ဒိယနိုင်င်ငံရဲ့ မုတ်သုံရာသီကြောင့် ဟီမာချယ်ပါရာဒေ့ရှ် ပြည်နယ်မှာ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရပြီး ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။