Trending Now

ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ယူကရိန်းသမ္မတပြော

Spread the love

ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ယူကရိန်းသမ္မတပြော

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၉]

ရုရှားက ယူကရိန်းတောင်းဆိုတာကို လိုက်နာမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ယူကရိန်းသမ္မတ ဇလန်ဇကီက တနင်္လာနေ့နှောင်းပိုင်မှာ ပြောဆိုခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူကရိန်းက တောင်ဆိုတဲ့ အရာတွေဟာ ရုရှားသိမ်းပိုက်ထားတဲ့ လယ်ယာမြေတွေ အားလုံးပြန်လည်ပေးအပ်ရေး၊ စစ်ပွဲပျက်စီးမှုများအတွက် လျော်ကြေးငွေ နဲ့ စစ်ရာဇဝတ်မှုများအတွက် တရားစွဲဆိုခြင်းတွေ ပါဝင်တယ်လို့ ယူကရိန်းသမ္မတ ဇလန်ဇကီက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လနှောင်းပိုင်းမှာ ယူကရိန်းဒေသလေးခုကို ရုရှားက သိမ်းပိုက်ခဲ့တဲ့အတွက် ပူတင်းနဲ့ ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူးလို့ ပြောဆိုခဲ့တဲ့ ဇလန်ဇကီဟာ လက်ရှိမှာတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုတယ်လို့ ပြောဆိုလာတာဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့မှုတွေဟာ ကျူးကျော်လာတဲ့ ရုရှားကို တွန်းလှန်ဖို့ ယူကရိန်းရဲ့ အဓိက သော့ချက်ဖြစ်ပြီး စစ်ရေးအကူအညီအများဆုံးရရှိနေတဲ့ အမေရိကန်ဟာလည်း ယူကရိန်းအတွက် အဓိက အားထားရတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဗိုလိုဒီမာ ဖူဇန်ကို က သုံးသပ်ထားပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်လွတ်တော်မှာ တစ်ဖက်သတ် ထောက်ခံမှုရရှိထားပေမယ့် နိုဝင်ဘာ ၈ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အနိုင်ရသွားမယ်ဆိုပါက ယူကရိန်းကို အကူညီပေးအပ်တာကို လျော့ချတာ ဒါမှမဟုတ် လုံးဝရပ်တန့်သွားနိုင်တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

လက်ရှိ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာလည်း ရီပတ်ဘလီကန်တွေက အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်မယ့်အခြေအနေ ရှိနေပြီး ယူကရိန်းကို အကူအညီတွေပေးအပ်ရာမှာ ကွန်ဆာဗေးတစ် အတိုက်အခံတွေ ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

— ကိုးကား —
AP
Ref; Zelenskyy open to talks with Russia — on Ukraine’s terms


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။