Trending Now

အမေရိကန် ထိပ်တန်းဆေးကုမ္ပဏီက လာမည့်နှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မည်

Spread the love

အမေရိကန် ထိပ်တန်းဆေးကုမ္ပဏီက လာမည့်နှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မည်
 

EPN
နိုင်ငံတကာ မတ် ၃၁

ကမ္ဘာတစ်ဝန်း ဆေးပမာဏ တစ်ဘီလီယံ ဖြန့်ဖြူးမည့်အစီအစဉ်များနှင့်အတူ လာမည့်နှစ်အစောပိုင်း တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသစ်တစ်မျိုး ထုတ်လုပ်မည့် အရေးပေါ်အတည်ပြုချက် ရရှိရန်မျှော်လင့်ပါ ကြောင်း အမေရိကန်ဆေးဝါးကုမ္ပဏီကြီး Johnson & Johnson က ပြောကြားလိုက်သည်။

လပေါင်းများစွာကြာ သုတေသနပြုလုပ်ပြီးနောက် အသင့်တော်ဆုံး ကာကွယ်ဆေးတစ်မျိုး ရွေးချယ်မှုကို Johnson & Johnson က မတ်လ ၃၀ ရက်တွင် ကြေညာခဲ့ပြီး ယခုနှစ် စက်တင်ဘာလထက်နောက်မကျဘဲ လူ သားဖြင့် လက်တွေ့စမ်းသပ်သည့် လေ့လာမှုများစတင်ရန် စီစဉ်ထားသည်။

လာမည့်နှစ်အစောပိုင်းတွင် အရေးပေါ်အသုံးပြုရန် အမေရိကန်အစိုးရ၏ ခွင့်ပြုချက်ရရှိရန်မျှော်မှန်းကာ ယခုနှစ်မကုန်မီ ကာကွယ်ဆေးသစ်၏ ဘေးအန္တရာယ်ကင်းမှုနှင့် အစွမ်းထက်မှုဆိုင်ရာ လက်တွေ့အချက်အလက် များ ရရှိရန်မျှော်မှန်းကြောင်း အဆိုပါကုမ္ပဏီက ပြောသည်။

ကာကွယ်ဆေး ထုတ်လုပ်မှုစွမ်းရည်ကိုလည်း တိုးချဲ့နေကြောင်း ယင်းကုမ္ပဏီကဆိုသည်။ ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုနှင့်အတူ မတ်လလယ်၌ အစမ်းသဘော ကာကွယ်ဆေးတစ်မျိုးအတွက် လက်တွေ့စမ်းသပ်မှု စတင် ကြောင်း အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက သီးခြား ကြေညာခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရန် အရေးပေါ်ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ဆေးကုမ္ပဏီ များ၊ သုတေသနဓာတ်ခွဲခန်းများက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်ရန် အပူတပြင်းလုပ်ဆောင် နေကြသည်။

–ကိုးကား–အင်န်အိတ်ချ်ကေ
Ref; Johnson & Johnson plans vaccine for early 2021


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။