Trending Now

လုပ်ကွက်ဟောင်း ကျင်းကမ်းပါးမှ ခြေချော်ပြုတ်ကျသည့် ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေဆုံး

Spread the love

လုပ်ကွက်ဟောင်း ကျင်းကမ်းပါးမှ ခြေချော်ပြုတ်ကျသည့် ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေဆုံး

EPN
ဖားကန့်၊ မေ ၃၀

ဖားကန့် ကျောက်စိမ်းမှော်ဒေသ ဆိပ်မူကျေးရွာ အုပ်စုတွင် ယနေ့ မေ ၃၀ ညပိုင်းက လုပ်ကွက်ဟောင်း ကျင်းကမ်းပါးမှ ​ခြေချော်ပြုတ်ကျသည့် ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေဆုံးခဲ့ကြောင်း ဆိပ်မှုအုပ်ချုပ်ရေးရုံးမှ သိရသည်။

သေဆုံးသူမှာ ဖားကန့်မြို့နယ်ဆိပ်မူကျေးရွာအုပ်စု၊ ကောင်ဆန်ကျေးရွာ ရပ်ကွက် (၁)နေ အသက် ၃၃နှစ်အရွယ်ခန့် ဦးရန်အောင် ဆိုသူဖြစ်ပြီး ၄င်းသည် ယနေ့ မေ ၃၀ ရက် ည ၇ နာရီအချိန်ခန့် က ဆ်ိပ်မူကျေးရွာအုပ်စု၊ ကောင်ဆန်ကျေးရွာ ဧရိယာအတွင်း သက်တမ်းကုန် လုပ်ကွက်ဟောင်း ၌ ရေမဆေးကျောက် ရှာဖွေနေစဥ် အမြင့်ပေ (၃၀၀)ခန့်ရှိ ကမ်းပါးမှ ခြေချော်ပြုတ်ကျကာ ဦးခေါင်းနောက်စေ့ သွေးထွက်ဒဏ်ရာ၊ မျက်နှာပွန်းပဲ့ သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများနှင့် ဆိပ်မူကျေးရွာ နာရေးကူညီမှုအသင်းအဖွဲ့များ သွားရောက်ခဲ့ပြီး သေဆုံးသူ၏ရုပ်အလောင်းအား ယနေ့ည (၇း၅၀)ချိန်ခန့်တွင်ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ည (၈း၃၀)ချိန်ခန့်၌ ဆေးရုံသို့ ရောက်ရှိကြောင်း ဆိပ်မူကျေးရွာအုပ်ချုပ်ရေးရုံးမှ သိရသည်။

အာဆီယံ(ဖားကန့်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။