Trending Now

ကျပ် (၂၂) ဘီလီယံကျော်ကုန်ကျခံကာ တည်‌ဆောက်ခဲ့သည့် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင် သစ်ဖွင့်လှစ်

Spread the love

ကျပ် (၂၂) ဘီလီယံကျော်ကုန်ကျခံကာ တည်‌ဆောက်ခဲ့သည့် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင် သစ်ဖွင့်လှစ်

EPN
နေပြည်တော်၊ ဒီဇင်ဘာ ၁၉

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါဆေးရုံ၌ ကျင်းပခဲ့သည်။

ဆေးရုံကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဧရာ ဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင်သစ်တွင် အထူးကြပ်မတ် ကုသခန်းများတွင် ခေတ်မီ စက်ကိရိယာများ၊ သွေးဘဏ်နှင့် သွေးလှူခန်း၊ ဓာတ်ခွဲခန်းများတွင် ခေတ်မီစက်ကိရိယာများ၊ ခန္ဓာကိုယ် တွင်းကြည့်မှန်ပြောင်းများ၊ သားဖွား/မီးယပ် ကုသဆောင်တွင် သားဖွားခန်းများနှင့်မီးဖွားပြီး လူနာခန်းများ၊ ကလေးအထူးကုသဆောင်နှင့် မွေးကင်းစပြင်ဆင်ထားရှိမှုများ၊ သီးသန့်လူနာခန်းများ၊ သံဃာတော်များအတွက် သီးသန့်ခန်းများ၊ ကွန်ပျူတာဓာတ်မှန်ခန်း၊ ဒစ်ဂျစ်တယ်ဓာတ်မှန်ခန်း၊ Ultrasound အခန်းများနှင့် အရေးပေါ် ဌာနတို့ ပါ၀င်ကြောင်း သိရသည်။

ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့၌ ဖွင့်လှစ်သည့် ကိုးထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဘီလီယံ ကျော် (ကျပ် ၂၂၂၉၅ ဒသမ ၇၈ သန်း)ကို အသုံးပြုကာ တည်ဆောက်ခဲ့ပြီး မြေဧရိယာဧက ၂ ဒသမ ၂၃ ဧကပေါ်တွင် တည်ဆောက်ထားသော အဆောက်အဦးဖြစ်ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။