Trending Now

အေးစေတီရပ်ကွက်တွင် ကားလမ်းဘေးလမ်းလျှောက်နေသည့် အသက် ၇၀ အရွယ်အဖိုးအိုတစ်ယောက်ကို ကားဖြင့်ဝင်တိုက်ပြီး မောင်းပြေး

Spread the love

အေးစေတီရပ်ကွက်တွင် ကားလမ်းဘေးလမ်းလျှောက်နေသည့် အသက် ၇၀ အရွယ်အဖိုးအိုတစ်ယောက်ကို ကားဖြင့်ဝင်တိုက်ပြီး မောင်းပြေး

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၂၈

မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်ရှိ အေးစေတီတရုတ်ခေါက်ဆွဲတန်းရှေ့တွင် လမ်းလျှောက်နေသည့်အသက် ၇၀ နီးပါးအရွယ် အဖိုးအိုတစ်ယောက်အား ကားဖြင့်ဝင်တိုက်မိပြီးနောက် ကားသမားမှာ မောင်းပြေးသွားသည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီဂရုဏာလူမူကူညီရေးအသင်းထံမှ သိရသည်။

“အဲ့အဖိုးက ကားလမ်းဘေးမှာလမ်းလျှောက်နေတဲ့ချိန်ဘေးကနေဝင်တိုက်သွားတယ်လို့ပြောကြတယ်၊ကားကအိမ်စီးကားပဲ၊အဲ့ကားက မီးလည်းမပါဘူး၊မြို့ထဲဘက်ကနေမောင်းလာတာ၊အဖိုးကိုဝင်တိုက်ရောမရပ်ပဲရွှေညောင်ပင်ဘက်ကိုမောင်းပြေးသွားတယ်၊အဖိုးကအသက် ၇၀ နီးပါးရှိတယ်၊အေးစေတီရပ်ကွက်မှာနေတဲ့သူပဲ၊အသက်အန္တရာယ်တော့မစိုးရိမ်ရပေမဲ့ခြေ ထောက်ကလမ်းလျှောက်မရဘူး၊ဒူးကောင်းတွေပြဲသွားတယ်၊ညတုန်းကဆေးရုံပို့ဆေးကုသပေးတဲ့ထိတော့ကျွန်တော်တို့အဖွဲ့ကကူညီပေးခဲ့တယ်”ဟု ဧရာဝတီဂရုဏာလူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ကားဖြင့်ဝင်တိုက်ပြီးမောင်းပြေးသည့်ကားသမားမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရပဲ ကားတိုက်ခံရသည့်အဖိုးအိုမှာ အေးစေတီရပ်ကွက်တွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်းသိရပြီး လက်ရှိတွင်၎င်းကားတိုက်ခံရသည့် ဒဏ်ရာများဖြင့် ဆေးကုသခံယူနေကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။