Trending Now

ဖားကန့်ဒေသတွင် ခြောက်နှစ်အရွယ် ယောကျ်ားလေး တစ်ဦးအား လိင်တူဆက်ဆံသူအား ဖမ်းဆီးအရေးယူ

Spread the love

ဖားကန့်ဒေသတွင် ခြောက်နှစ်အရွယ် ယောကျ်ားလေး တစ်ဦးအား လိင်တူဆက်ဆံသူအား ဖမ်းဆီးအရေးယူ

EPN
ဖားကန့်၊ ဇွန် ၁၃

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာ တွင် ခြောက်နှစ်အရွယ် ယောကျ်ာလေး တစ်ဦးအား သွေးဆောင်ဖြားယောင်းကာ ဓမ္မတာနှင့် ဆန့်ကျင်ကာ ကာမဆက်ဆံခြင်း (လိင်တူဆက်ဆံမှု) ပြုလုပ်သူကို ဥပဒေအရ အရေးယူနိုင်ရေး အတွက် ဇွန်လ ၁၂ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

ယင်းသို့ ပြုကျင့်သူမှာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာ နေထိုင်သူ အသက် (၁၇)နှစ်အရွယ် ဂျွန်စော(ခ) ခိုင်ဇောထွန်း ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ ဂျွန်စော(ခ) ခိုင်ဇော်ထွန်း ဆိုသူသည် အဆိုပါ ကလေးငယ်အား မုန့်ဝယ် ကျွေးမည် ဟုဆိုကာ လွန်ခဲ့သည့် တလခန့်ကတည်းက ယင်းကဲ့သို့ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂျွန်စော(ခ) ခိုင်ဇော်ထွန်း၊ အသက် (၁၇)နှစ်၊ (ဘ) ဦးသိန်းဝင်း၊ သံပန်းလုပ်သား၊ မမုံကျေးရွာ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားကန့်မြို့နယ် နေထိုင်သူအား ဖားကန့်မြို့မရဲစခန်းက (ပ) ၁၃၄/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။