Trending Now

၂၀၂၀ ရွေးကောက်ပွဲ နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း UEC ကော်မရှင်အဖွဲ့ဝင် ပြော

Spread the love

၂၀၂၀ ရွေးကောက်ပွဲ နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း UEC ကော်မရှင်အဖွဲ့ဝင် ပြော

 

EPN
နေပြည်တော်၊ ဇွန် ၄

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများ ကျင်းပခဲ့သည့်အတိုင်း နိုဝင်ဘာလအတွင်း ကျင်းပသွားရန် စီစဉ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြော သည်။

ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နေပြည်တော်အခြေစိုက် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် မီဒီယာများ၏မေးမြန်းမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းက ကျင်းပတဲ့အတိုင်းပဲ နိုဝင်ဘာလထဲမှာဖြစ်မှာပါ”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင် ဦးမြင့်နိုင်က ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ ရွေးကောက်ပွဲအား ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် မဖြစ် မနေကျင်းပရမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ လုပ် ဆောင်နေပြီဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်ကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသဖြင့် နိုင်ငံတော်မှာ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရေးအသေးစိတ်စီစဉ်နေပြီး ရခိုင်ပြည်နယ်နှင့် “ဝ” ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိ ဝန်ကြီး ဌာနများထံ အကြံပြုချက်တောင်းခံထားသည်ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ကိုဗစ်ကာလဆိုတော့ မျော်မှန်းပြီးတော့ များနေတဲ့ နေရာတွေကို မဲရုံတွေ ထပ်ပြီးတော့ ခွဲမလား ဒါတွေကို ကျွန်တော်တို့ အသေးစိတ်လုပ်နေပါတယ်”ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ထွေထွေရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် အခြေခံမဲစာရင်းကောက်ယူထားပြီး ရွေးကောက်ပွဲကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကြီးကြပ်ကွက်ကဲမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များစာရင်းကိုလည်း ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။

သတင်း – အောင်ဆန်းဦး(နပတ)

#EPN #UEC #2020Election


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။