Trending Now

မုံရွာ – ဟုမ္မလင်း လေယာဥ်လက်မှတ် စျေးနူန်း ရက်ပိုင်းအတွင်း ၂ သောင်းနီးပါး မြင့်တက်

Spread the love

မုံရွာ – ဟုမ္မလင်း လေယာဥ်လက်မှတ် စျေးနူန်း ရက်ပိုင်းအတွင်း ၂ သောင်းနီးပါး မြင့်တက်

EPN
ဟုမ္မလင် ၊ မတ် ၁၄

စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ဟုမ္မလင်းမြို့ကို ၁ ပတ် ၃ ကြိမ် ပြေးဆွဲပေးနေတဲ့ လေကြောင်းလိုင်းတွေဟာ မနေ့ကစလို့် လေယာဥ်လက်မှတ် စျေးနူန်းတွေ အရင်ကထက် ရုတ်တရက်ကြီး ၂ သောင်းနီးပါး ခုန်တက်သွားတယ်လို့် လေယာဥ်လက်မှတ် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လေယာဥ်လက်မှတ်က ၆ သောင်းဝန်းကျင်မှာပဲ ရှိတယ်၊ ဒီနှစ်ဆန်းကစလို့ စျေးနူန်းတွေ မတည်မငြိမ် ဖြစ်လာတယ်၊ တစ်လပိုင်းထဲက ၆ သောင်း ၈ ထောင် ပဲရှိတာ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ၇ သောင်း ၃ ထောင်ကနေ ၆ ထောင်အထိစျေးတက်လာတယ်၊ အခုလ ဆန်းပိုင်းမှာတော့ ၇ သောင်း ၈ ထောင်မှာ စျေးတန့်နေပြီး မတ် ၁၂ ရက် မနေ့က စလို့ ၉ သောင်း ၃ ထောင်အထိ ရုတ်တရက်ကြီး စျေးတက်သွားတာ ” လို့ My Monywa ခရီးသွားဝန်ဆောင်မှုနဲ့ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ ပိုင်ရှင် ဦးလင်းလင်းမောင်က ပြောပါတယ်။

မုံရွာ – ဟုမ္မလင်း အမြဲတမ်း ခရီးသွားလာနေရတဲ့ စက်သုံးဆီလုပ်ငန်းပိုင်ရှင် ခရီးသွား တစ်ဦး ပြောတာက ” မုံရွာ – ဟုမ္မလင်းက ချင်းတွင်းမြစ်အတိုင်း ရေကြောင်းလမ်းနဲ့သွားလို့ရတယ်၊ ၂၀၂၀ ကိုဗစ်ရောဂါ ချိန်ကစလို့ ရေယာဥ်တွေက ပြေးတလှည့် ၊ မပြေးတလှည့်နဲ့ နားထားကြတယ်၊ ရေကြောင်းလမ်းက သွားလာဖို့ အဆင်မပြေဘူး၊ အဲ့ဒီတော့ ခရီးသည်တွေက ကုန်လမ်းဘက်ကို အားကိုးပြီး ကားနဲ့ လိုက်ကြတယ်၊ အခု အခြေအနေက ရေလမ်းရော ၊ ကုန်းလမ်းပါ ခရီးသွား လုံခြုံရေး အာမခံချက် လုံးဝမရှိတာကြောင့် လေကြောင်းလိုင်းပဲ အားပြုနေရတာပါ၊ လေကြောင်းပိုင်းကလည်း လက်မှတ် စျေးနူန်းတွေ ရုတ်တရက်ကြီး စျေးနူန်းမြင့်တက်လာတော့ မုံရွာ ဟုမ္မလင်း ခရီးသွားလုပ်ငန်းကို ထိခိုက်စေတာတော့ အမှန်ပဲ ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်း ဝန်ကြီးရုံးနဲ့ နီးစပ်သူ တစ်ဦးက ” မုံရွာ ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက်နဲ့ လမ်းပန်း လုံခြုံရေး ကိစ္စတွေ တိုးမြှင့်လုပ်ဆောင်ပေးနေပါတယ် ” လို့ ပြောပါတယ်။

မုံရွာ ဟုမ္မလင်း လေကြောင်းလိုင်းဟာ အရင်က ခရီးသည်လိုက်ပါ စီးနင်းမှု အရေအတွက် နည်းပါးခဲ့ပေမယ့်၊ ပြီးခဲ့တဲ့ နှစ်ကစလို့ ခရီးသည်အများစုဟာ လေကြောင်းလိုင်းကို အားပြုလိုက်ပါနေရတာဖြစ်တယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။