Trending Now

ဘဇံချောက်ရွာ၌ ဓါးဖြင့် အချက်ပေါင်း များစွာ ခုတ်သတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ် အလောင်းတွေ့ရှိ

Spread the love

ဘဇံချောက်ရွာ၌ ဓါးဖြင့် အချက်ပေါင်း များစွာ ခုတ်သတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ် အလောင်းတွေ့ရှိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၁ (၂၀၂၃)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်တောင်ကျေးရွာ အနီးရှိ ဘဇံချောက် ရွာတွင် ဓါးဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တစ်ခုကို ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဘဇံချောက်ရွာအနီး လမ်းဘေး တစ်နေရာတွင် ဓားဖြင့် အပိုင်းပိုင်းခတ်သတ်ခံထားရသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

“မနက်ပိုင်း ၆ နာရီကျော် လောက်မှာ လမ်းသွားလမ်းလာတွေက တွေ့ခဲ့တာ၊ လက်တစ်ဖက်က ပျက်နေပြီ၊ ဓားနဲ့ ခုတ်ခံထားရတဲ့ ပုံစံဘဲ၊ လက်တစ်ဖက်မှာလဲ ပြတ်ရှဒဏ်ရာတွေတွေ့ရတယ်၊ ပေါင်မှာတွေရော၊ ဗိုက်မှာလဲ ဓားဒဏ်ရာတွေ တွေ့ရတယ်” ဟု ၎င်းက ပြောပြသည်။
၎င်း အမျိုးသားတွင် ဝမ်းဗိုက်ဓားဒဏ်ရာ၊ ညာဘက်လက် လက်ချောင်းမှ လှီးဖြတ်ထားသည့် ဒဏ်ရာ၊ ဘယ်ဘက်လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာ၊ ပေါင်နှစ်ဖက် ပြတ်ရှဒဏ်ရာများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် အလားတူ လုယက်၊ ဓားပြတိုက်၊ သတ်ဖြတ်သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျှက်ရှိကာ သြဂုတ်လ ၃၁ ရက်နေ့ ကလည်း မရှိကထောင်စျေးအနီး ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။